တောင်ကြီးတွင် တိုက်အိမ်ပေါ်မြေပြိုကျ၊ ကျောင်းဆရာမ ၁ ဦးသေ ၁ ဦးဒဏ်ရာရ


By - DVB 29 August 2016

တောင်ကြီးမြို့မှာ ဒီနေ့ မနက်ပိုင်းက တိုက်အိမ်ပေါ်မြေပြိုကျတဲ့အတွက် ကျောင်းဆရာမ တဦး သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူ ဒဏ်ရာရှိခဲ့ပါတယ်။

တောင်ကြီးမြို့ ရေအေးကွင်းရပ် ဥဿဖယားလမ်း အိမ်အမှတ် ၁၃/၈၈ တထပ်တိုက်အိမ်က မနက် ၁ နာရီအချိန်မှာ တိုက်အိမ်ပေါ်မြေပြိုကျပြီး အငြိမ်းစားဆရာမ ဒေါ်သန်းသန်းမြင့် သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူက ဒဏ်ရာရှိခဲ့ပါတယ်။

တိုက်အိမ်မှာ ကျောင်းဆရာမ လင်မယား ၂ ဦးသာနေထိုင်ပြီး အိမ်ကွက်က တောင်စောင်းဘေးမှာရှိကာ မိုးရွာထားတဲ့အတွက် အုပ်နဲ့ဆောက်ထားတဲ့ လှေကားထစ်က မြေသားနဲ့အတူပြိုကျကာ တထပ်တိုက်အိမ်ပေါ်ပိသွားတာပါ။

ဒဏ်ရာတဲ့ ကျောင်းဆရာမရဲ့ အမျိုးသားဖြစ်သူကို စစ်စံထွန်းဆေးရုံကို ပို့ဆောင်ထားပါ တယ်။

တောင်ကြီးမြို့ပေါ်မှာ တောင်ကုန်းတောင်စောင်းတွေများတဲ့အတွက် မိုးတွင်းအန္တရာယ်ရှိ နိုင်တဲ့ နေရာကို အိမ်တွေခိုင်ခံ့မှု ရှိမရှိ မြို့နယ်ထွေအုပ်နဲ့ စည်ပင်ဌာနက လိုက်လံစစ်ဆေးဖို့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ တုန်းကလည်း ကျောင်းကြီးစုရပ်ကွက်မှာ အုတ်တံတိုင်းပြိုကျပြီး လူ ၅ ဦး သေဆုံးမှု ဖြစ်ခဲ့ဖူးပါတယ်။

DVB TV News
သတင်း၊ ဓာတ်ပုံ – ခွန်ရာဇာ

https://m.facebook.com/story.php?story_fbid=1157326284305870&id=191574990881009



Powered by Blogger.