ဂျပန်မှာ ထိုးတဲ့ပွဲ ထွန်းထွန်းမင်း ရှုံးနိမ့်


ဂျပန်နိုင်ငံ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲမှာ ထွန်းထွန်းမင်းဟာ ကွန်ဂို ကစ်ဘောက်ဆင်ချန်ပီယံ ဒါရီယယ်လ်ကို ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။
Ganryu-Jima ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲကို ဇူလိုင် ၃၁ ရက်က တိုကျိုမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းဟာ ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲဟာ MMA လက်အိတ်နဲ့ ကြိုးဝိုင်းမပါတဲ့ ၂၄ ပေအကျယ် စည်းဝိုင်းထဲမှာ ယှဉ်ပြိုင်ရတာဖြစ်ပြီး အလဲထိုး အပါအ၀င် စည်းအပြင်ဘက် နဲ့ ကြမ်းပြင်ပေါ်မှာ သုံးကြိမ်လဲကျရင် ရှုံးနိမ့်တာ ဖြစ်ပါတယ်။
 ဆူမိုနပန်းလို ချုပ်ပြီးတွန်းရတာကြောင့် ဆူမိုသမားတွေနဲ့ MMA သမားတွေလောက်ပဲ သင့်လျော်ပြီး ရိုးရာလက်ဝှေ့သမားတွေနဲ့မသင့်လျော်ဘူးလို့ မြန်မာ့ရိုးရာလက်ဝှေ့ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောကြားထားကြောင်း သိရပါတယ်။ ထွန်းထွန်းမင်းဟာ ဘရာဇီး ကိုယ်ခံပညာရှင် မားကပ်စ်ဗင်နီးဆီးယပ်နှင့် ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမဲ့ ပွဲနားနီးမှ ကွန်ဂိုနိုင်ငံသားနဲ့ ပြောင်းလဲယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။


အဆိုပါရှုံးနိမ့်မှုအတွက် ထွန်းထွန်းမင်းကလည်း သူ့ပရိသတ်ကို လူမှုကွန်ရက်ကနေတစ်ဆင့်ပြန်လည်တောင်းပန်ထားပါတယ်။
Source: 7Day Daily
Photos : မြန်မာ့ရိုးရာလက်ဝှေ့ ဝါသနာရှင်များ ၊Tun Tun Min (FB)
Powered by Blogger.