ဒူဘိုင်းလေဆိပ်တွင် ခရီးသည်တင် ဂျက်လေယာဉ်တစ်စင်း မီးလောင်မှုဖြစ်ပွား



==================

ဒူဘိုင်း ၊ ၄-၈-၂၀၁၆
အိန္ဒိယနိုင်ငံ သီရူဗာနန်သာပူရန် လေဆိပ်မှ အာရပ် စော်ဘွားများ နိုင်ငံ ဒူဘိုင်း လေဆိပ်သို့ ခရီးသည် ၂၇၅ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၅ ဦး တို့ကို တင်ဆောင် ပျံသန်းခဲ့သော Emirate လေကြောင်းလိုင်း ပိုင် လေယာဉ် ခရီးစဉ် အမှတ် EK 521 သည် ယမန်နေ့တွင် လေယာဉ်ပြေးလမ်း ပေါ်သို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားကာ မီးလောင်ကျွမ်း ခဲ့ရာ လေယာဉ်အရှေ့ နှင့် အပေါ်ပိုင်း တစ်ခြမ်းလုံး မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် အဆင်းဘီး ချရာတွင် အခက်အခဲ ဖြစ်ခဲ့ပြီး ပထမတစ်ကြိမ် ဆင်းသက်ရန် ချဉ်းကပ်ရာ အဆင်မပြေ ခဲ့သဖြင့် ကွင်းကို တစ်ပတ်ပတ်ရန် ကြိုးစားရာမှ ပြေးလမ်းပေါ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရာ တစ်ဖက်သို့ တိမ်းစောင်း သွားကာ တောင်ပံနှင့် ပြေးလမ်း ပွတ်တိုက်မိသည့် အတွက် မီးလောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မီးလောင်လျက် ရှိသော လေယာဉ်ကို လေယာဉ်မှူးက အရှိန်သတ်ကာ ရပ်တန့် နိုင်ခဲ့သော် လည်း လေယာဉ် ရပ်တန့်ပြီး ချိန်၌ မီးလောင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့နောက် မီးသတ်ယာဉ်များ ရောက်ရှိသည့် အချိန်တွင် လေယာဉ်၏ ရှေ့ကိုယ်ထည် ပိုင်းသည် မီးလောင်ပျက်စီး သွားခဲ့ပြီး ဖြစ်ကြောင်း ဒူဘိုင်း လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ထို့ပြင် မီးသတ် တပ်ဖွဲ့ဝင်များ နှင့် လေဆိပ်မှ တာဝန်ရှိသူ များက မီးသတ်ယာဉ် သုံးစီးဖြင့် မီးကိုဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မိနစ်၂ဝ ခန့်တွင် မီးညွန့်ကို ထိန်းနိုင်ခဲ့ကြောင်း၊ ခရီးသည်နှင့် လေယာဉ် ဝန်ထမ်းများ အားလုံး ကိုလည်း အန္တရာယ် ကင်းရှင်းစွာ ကယ်ထုတ် နိုင်ခဲ့ကြောင်း၊ ဒဏ်ရာရရများ စာရင်းကို ပြုစုနေဆဲ ဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော Emirate လေကြောင်းပိုင် လေယာဉ်သည် Boeing 777-300 အမျိုးအစား ဖြစ်ပြီး Emirate မှ ၂ဝဝ၃ ခုနှစ်က ဝယ်ယူပျံသန်း နေခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းရင်း ကို စုံစမ်းစစ်ဆေး နေဆဲဖြစ်သည်။
#PyiChitThar

Share this

Credit http://www.pyichitthar.com/2016/08/blog-post_67.html
Powered by Blogger.