ဆိုင်ထဲမှာ ကျင်ငယ်ပေါက်ခွင့်မပေးလို့ ကောင်တာပေါ်တက်ပြီးခွက်ထဲပေါက်ပြသူ
အမျိုးသမီးတစ်ဦးဟာ ဆိုင်တစ်ဆိုင်မှာ ရှုးရှုးပေါက်ခွင့်မရခဲ့လို့ဒေါသထွက်ပြီး ကောင်တာပေါ်တက်ကာခွက်တစ်ခုထဲကို ပေါက်ထည့်ပြီး ထိုကျင်ငယ်ရည်ကိုပြန်သောက်တဲ့ အဖြစ်အပျက်တစ်ခု ထိုင်ဝမ်က ဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို လုံခြုံရေးကင်မရာက အမိအရရိုက်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီအမျိုးသမီးဟာ ရှုးရှုးအရမ်းပေါက်ချင်နေတဲ့ အချိန်ဒီဆိုင်ထဲကိုဝင်ခဲ့တာဖြစ်ပြီး သူ့ကိုရှုးရှုးပေါက်ခွင့် ဆိုင်ဝန်ထမ်းက မပေးခဲ့ခြင်းကို ဒေါသထွက်ခဲ့ပုံလည်း ရပါတယ်။ ဒါ့ကြောင့်ဒေါသတကြီးကောင်တာပေါ်ကိုတက်ခဲ့ပြီး ကောင်တာပေါ်က ခွက်တစ်ခွက်ကိုယူကာ ရှုးရှုးပေါက်ထည့်ခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီကျင်ငယ်ရည်တွေကိုပြန်သောက်ပြခဲ့ပါတယ်။ ဒီလို စတင်ပြီးကောင်တာပေါ်တက်တဲ့အချိန်မှာ ဆိုင်ဝန်ထမ်းက “ခင်ဗျား အိမ်သာသုံးချင်ရင် ကျွန်တော်ပြပေးပါ့မယ်။ ပေါက်ကရတော့မလုပ်ပါနဲ့ဗျာ”ဆိုပြီးတောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် အမျိုသမီးက “ငါရှုးရှုးပေါက်ချင်တယ်”လို့အော် ပြီး ဆိုင်ဝန်ထမ်းကို ဂရုမစိုက်ခဲ့ပါဘူး။ ဆိုင်ဝန်ထမ်းက “ခင်ဗျားလာလုပ်နေတာလဲ ပြန်ဆင်း၊ ခင်ဗျားကို အိမ်သာဆီခေါ်ပေးသွားမယ်”လို့အော်ခဲ့ပေမယ့် တား လို့ မရခဲ့ပါဘူး။ နောက်ဆုံးတော့ ရဲကိုခေါ်ခဲ့ပါတယ်။ဒါပေမယ့် အမျိုးသမီးကတော့ ရှုးရှုးပေါက်အပြီးမှာ ရုပ်တည်နဲ့ ပြန် ထွက်သွားခဲ့ပါတယ်။ ဒီဗီဒီယိုက အွန်လိုင်းမှာတော့ ပြန့်နှံ့နေပြီး အခုအချိန်အထိတော့ အပြစ်ပေးခြင်း မခံရသေးဘူးလို့ သိရပါတယ်။

Source: mirror မောင်ရွှေရိုး (Shwemom)
Source: mirror မောင်ရွှေရိုး (Shwemom)