မန္တလေးရွှေမြို့တော်အားရုပ်ဆိုးအကျည်းတန်စေသည့် နိုင်ငံခြားသားထံမှလုယက်သူများအားဖမ်းဆီးရမိ
--------------------------------------------------------------------------
8.8.2016 ရက်နေ့ ၁၀၃၀အချိန်ခန့်တွင် ၂၆လမ်း ၇၄×၇၅ လမ်း ကြားတွင် လမ်းလျှောက်၍ ဟိုတယ်သို့ ပြန်လာသူ Ms.She Meng လွယ်ထားသော ပိုက်ဆံအိတ်အား မျက်နှာချင်းဆိုင်မှ လမ်းပြောင်းပြန် မောင်းဝင် လာသည့် လူသုံးဦးမှ ဆွဲလုရာ ၎င်းအိပ်ထဲ တွင် ထည့်ထားသော I.Phone 6s မှာထွက်ကျသွားရာ အလယ်တွင် ထိုင် လိုက်သူမှ ဖုန်းအား ကောက်သွားပြီး နောက်ဆုံး ထိုင် လိုက်သူမှ ၄င်းအားရိုက်ကာ ပိုက်ဆံအိတ် ဆွဲလု သွားကြောင်း ဟေမာဇလ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ အကြောင်းကြား သဖြင့် ၄င်းဖြစ်စဉ်အား အမှုဖွင့် အရေးယူ ဆောင်ရွက် စေခဲ့ပြီး i Phone imei အား GPS စနစ်ဖြင့် အမှတ် ၈ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သားဦး ရဲအုပ်နေဇာဦး တပ်ကြပ်ကြီးမျိုးမင်း တို့အဖွဲ့ ဟေမာဇလ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့ Ms.She Meng တို့နှင့် အတူ ခြေရာခံရှာဖွေခဲ့ရာ ၁၀.၈.၂၀၁၆ ရက်နေ့တွင် အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက် ၈၆ လမ်း ၉ ×၁၀ လမ်းကြားတွင် ရပ်တန့်နေကြောင်း သိရှိရသဖြင့် Location ပြသရာ နေအိမ်အား ၀င်ရောက် ရှာဖွေရာ နေအိမ် အပေါ်ထပ်တွင် အိပ်နေသူ စိုးမင်းသူ၏ အိပ်ယာအောက်မှ i phone 6s အား တွေ့ရှိရသဖြင့် စစ်ဆေးရာ တစ်ရပ်တည်းနေ ဇေယျာခိုက် (ခ) ကုလား တက်တူး(ခ)မျိုးမြင့်နိုင် တို့နှင့်အတူ လုယူခဲ့ကြောင်းနှင့် ဒေါ်လာ ၃၀၀ အား ရောင်းချထားရှိကြောင်း ဒေါ်လာ ၁၀၀ အား သူငယ်ချင်း ဖြစ်သူထံ ပေးထားကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် သက်သေခံ ပစ္စည်းများ လိုက်လံ သိမ်းဆည်းပြီး တရားသူကြီးထံ တင်ပြ၍ ပစ္စည်း များအား Ms.She Mang ထံပြန်လည် ပေးအပ် ခဲ့ပြီး ပေးအပ်ပွဲအား တရုတ်ကောင်စစ်ဝန် Ms Sulige မှ တက်ရောက်၍ ကျေးဇူးတင်စကား လာရောက် ပြောကြား ခဲ့ပါသည်။ #credit_op