ယနေ့ နံနက် ကောလင်းမြို့နယ်မှာ အမျိုးသမီးကြီး တစ်ဦး ရိုက်နှက်လုယက်ခံရ
13.8.2016
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အရှေ့ခြမ်း ခံသာတိုက်နယ်တွင် သြဂုတ်လ (၁၃)ရက်နေ့ ယနေ့ နံနက် (၄)နာရီ၊ (၃၀)မိနစ်ခန့် က အမျိုးသမီးကြီးတစ်ဦးအား ရိုက်လုမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
လုယက်ခံရသူမှာ ကျောက်တန်းမှ ဒေါ်လှိုင်ဖြစ်ပါသည်။
စက်ဘီးနှင့် ခံသာဈေးသို့အလာ ရိုက်နှက်ပြီး လမ်းဘေးရေထဲ ပစ်ချထားသည်ဟုသိရှိရပြီး၊ မိသားစုမှ ပြန်မလာသဖြင့် လိုက်ရှာသောအခါ ဒဏ်ရာနှင့်တွေ့ရသည်ဟုလည်း သိရပါသည်။
ယခု တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး၊ မန္တလေး ကိုဆေးကုသွားရမည်ဟု သိရပါသည်။
Kyaw Naing Myo