အနာဂတ် လိင်ဖျော်ဖြေရေးလောကကို လွှမ်းမိုးလာမယ့် စက်ရုပ် ပြည့်တန်ဆာ
၂၁-၈-၂၀၁၆
စက်ရုံတွေမှာ အလုပ်သမားအစားထိုးစက် ရုပ်တွေ သုံးတော့မှာဖြစ်သလို လာမယ့်အနာဂတ်ကာလမှာ လိင်ဖျော်ဖြေရေး ပြည့်တန် ဆာတွေ နေရာ မှာလည်း လူသားတွေ နဲ့  တသွေမတိမ်းတူတဲ့ စက်ရုပ်ပြည့်တန်ဆာတွေကို အစား ထိုးသုံးဖို့  သိပ္ပံနည်း ပညာရှင်တွေနဲ့  စီးပွားရေးသမားတွေ ပူးပေါင်း ပြီး စက်ရုပ်လိင်လုပ်သားတွေကို ထုတ်လုပ်ပြီးပြည့်တန် ဆာ ဈေးကွက်တွေ မှာ ၀င်ရောက်လာတော့မှာဖြစ်တယ်လို့  businessinsider သတင်းမှာ ဆောင်း ပါးအဖြစ်ရေးသားဖေါ်ပြထား တာတွေ့ ရပါတယ်။
စီလီကွန်နဲ့ ရော်ဘာကို ဆန်းသစ်တည်ထွင်ပြီး လူ့ အသားနဲ့  ဆင်တူ ထုတ်လာ
နိုင်ရာကနေ အတွင်းပိုင်း စက်ရုပ် လှုပ်ရှားမှု နည်းပညာတွေကို အသေးစိတ် တီထွင် လာနိုင်ခဲ့ပြီးဖြစ်ပါတယ်။
အထူးသဖြင့် အနောက်နိုင်ငံတွေ မှာ နောင်လာမယ့် ၁၀ စုနှစ်ကာလတွေဆိုရင် စက်ရုပ်ပြည့်တန်ဆာရုံတွေ မြင် တွေ့ လာရတော့မှာပါ။
စက်ရုပ်ပြည့်တန်ဆာတွေကိုသာ သုံးစွဲသူတွေကြားမှာလူကြိုက်များ ပေါ်ပြူ
လာဖြစ်လာခဲ့ရင် လိင်ဆက်ဆံရာကနေ ဖြစ်ပွာျးနေတဲ့ ရောဂါပိုးကူး
ဆက်ပြန့် ပွားမှုတွေကို လျော့နည်းလာမယ်၊ လိင်ကျွန်လုပ်ငန်းနဲ့  သက်ငယ် မုဒိန်း မှုခင်းတွေ ပပျောက်သွားနိုင်တယ်လို့ လည်း ပညာရှင်တွေက သုံးသတ်နေကြ ပါတယ်။
၂၀၁၆ စစ်တမ်းအရ ခလေးအရုပ်ထက် လူကြီးတွေအတွက် အမျိုးသမီး ရုပ်တွေ ၀ယ်အားများလာတာတွေ့ ရပါတယ်။ တရုတ်နိုင်ငံက ထုတ်တဲ့ အမျိုးသမီး အဖေါ် အရုပ်တွေကို အနောက်နိုင်ငံတွေကနေ မှာယူ သုံးစွဲနေသူ သိန်းနဲ့  ချီရှိနေကြောင်း သိရပါတယ်။
(SAW)