နှစ်လုံးထီလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


ရန်ကုန်၊ သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း လောင်းကစားမှုများကင်းစင်ရေးအတွက် 
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အစီအမံများချမှတ်ကာ စုံစမ်းဖမ်းဆီး
အရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၁၈.၈.၂၀၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ 
တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲစခန်းများမှတပ်ဖွဲ့ဝင်များက လောင်းကစား
ပြုလုပ်သူများအား သက်သေများနှင့်အတူ စုံစမ်းဖမ်းဆီးခဲ့ရာ
လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာတွင် ဇော်မင်းအား နှစ်လုံးထီ
လောင်းကစားပစ္စည်းစာရွက်စာတမ်းများနှင့် လောင်းကြေး
ငွေကျပ် ၂၃၄၅၀၀ တို့ဖြင့်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊
ရွှေပေါက္ကံမြို့သစ်၊ (၂၂)ရပ်ကွက်တွင် ဒေါ်ကျင်ကျင်နွယ်အား
နှစ်လုံးထီလောင်းကစားပစ္စည်း စာရွက်စာတမ်းများနှင့်လောင်းကြေး
ငွေကျပ် ၄၄၂၀၀ တို့ဖြင့်လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ
အဝေးပြေးယာဉ်ရပ်နားဝင်းတွင် မင်းသုဝင်းအား နှစ်လုံးထီလောင်းကစား
ပစ္စည်းစာရွက်စာတမ်းနှင့် လောင်းကြေးငွေကျပ် ၁၀၀၀၀ တို့ဖြင့်
လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့လောင်းကစားပြုလုပ်သူများအား သက်ဆိုင်ရာရဲစခန်းများတွင်
အမှုများအသီးသီးရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း 
သတင်းရရှိပါသည်။

Ref: Yangon Police
Powered by Blogger.