လူသတ်တရားခံဖမ်းစီးပေးသောမွန်ပြည်နယ်ရဲများကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဘိုဘိုဦးမှ ဂုဏ်ပြု ဆုငွေချီးမြှင့်


****************************************
၂၉-၈-၂၀၁၆ ရက်နေ့Facebook လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြပါ ရှိသောရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင်ဖြစ်ပွား ခဲ့သည့် ဗဟန်းမြို့မရဲစခန်း(ပ)၂၅၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၅ အမှုမှထွက်ပြေးတိမ်းရှောင်လာသူတရားခံအောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်အား မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှူးရဲအုပ်အောင်ကျော်ထွေး
နှင့် ဒုရဲအုပ်ရဲမင်းထွန်းဦးစီး တပ်ဖွဲ့ဝင်များမှရဲစခန်းပိုင်နယ်မြေအတွင်းညဥ့်ဦး လှည့်ကင်းဆောင်ရွက်စဉ် (၂၂၅၅)အချိန်မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းမီးပွိုင့် လမ်းဆုံတွင်ဖမ်းဆီးရမိခဲ့သဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဘိုဘိုဦးမှ ၎င်းတပ်ဖွဲ့ဝင်များအားတစ်ဦးလျှင်ဂုဏ်ပြုဆုငွေ(၁၀၀၀၀ိ/-)၊ တပ်ဖွဲ့ဝင်(၆)ဦး အတွက်စုစုပေါင်းဂုဏ်ပြုငွေ(၆၀၀၀၀ိ/-)အားပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Credit - သထုံခရိုင်ရဲတပ်ဖွဲ့




Powered by Blogger.