ပိုကီမွန် Game သိချင်သူများ အတွက် မြန်မာနိုင်ငံသို့လည်း ရောက်ရှိသတိပြုစရာ


----------------------------------------------
လက်ရှိ မြန်မာနိုင်ငံတွင် ပိုကီမွန်ဂိုးဂိမ်း ကစားကြသူအများစုမှာ ရန်ကုန်မြို့တွင် နေထိုင်သူများ ဖြစ်သည်။ ရန်ကုန်မြို့တွင် လူဦးရေ (၇)သန်းကျော် နေထိုင်ပြီး လူဦးရေ သိပ်ဆည်းဆမှာ တစ်စတုရန်း ကီလိုမီတာလျှင် (၇၁၆)ဦးဖြစ်သည်။ 

#ယာဉ်ကြောကျပ်တည်းမှုများလည်း အများအပြား ဖြစ်ပေါ်လျက် ရှိသည်။ 

#မြန်မာနိုင်ငံ၏လူဦးရေသိပ်သည်းဆမှာ အခြားသော အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လျော့နည်းသော်လည်း နိုင်ငံအတွင်း မြို့ကြီးအချို့တွင် သိပ်သည်းဆ များပြားလာ
သည်ကို တွေ့နိုင်သည်။ 

#ပိုကီမွန်အကောင် လိုက်ဖမ်းသူ များပြားလာပါ
က ယာဉ်ကြောကျပ်တည်းမှုနှင့် လူရှုပ်ထွေးမှုများအကြား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ပိုမိုကြုံတွေ့နိုင်ဖွယ်ရှိသည်။ ရာဇ၀တ်မှု မကင်းသော ဖြစ်စဉ်အချို့လည်း ကြုံတွေ့လာနိုင်ဖွယ်ရှိကြောင်း အချို့နိုင်ငံများတွင် ပိုကီမွန်ဂိုးဂိမ်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော မှုခင်းများက ညွှန်းဆိုနေသည်။ 

#ဂိမ်းကစားသူများအဖို့ ပိုကီမွန်အကောင်ကို လိုက်ဖမ်းရန်သာ စိတ်အားထက်သန်မနေဘဲ အချိန်၊ နေရာ၊ ပတ်ဝန်းကျင်အခြေအနေတို့ကို သတိမူရန်လည်း လိုအပ်ပေသည်။ “လမ်းသွားစဉ် သတိနဲ့ သွားပါ။”၊ “ကားမောင်းရင်းမဆော့ပါနဲ့။ ဆော့မယ်ဆိုလည်း ဘေးကသူငယ်ချင်းကိုဆော့ခိုင်းပါ”စသည်ဖြင့် ဂိမ်းကစားသူအချင်းချင်း သတိပေးမှုများကိုလည်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် တွေ့ရသည်။

#ပိုကီမွန်ဂိုးဂိမ်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်မှာ ရက်များစွာ မကြာသေးသည့်အတွက် အဆိုပါဂိမ်းနှင့် ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးသက်ရောက်မှု မည်မျှ ရှိလာမည်ကို တိတိပပ မသိရှိနိုင်သေးပေ။ 

မြန်မာနိုင်ငံတွင် စီအိုစီ (Clash of Clans- CoC)ဂိမ်း ခေတ်စားသည့်အချိန်ကလည်း လုပ်ငန်းခွင်အချို့တွင်ယင်းဂိမ်းကစားသူများအတွက် စည်းကမ်းသတ်မှတ်ရသည်အထိ ဖြစ်ခဲ့ဖူးသည်။ 

#စီအိုစီဂိမ်းကြောင့်အလုပ်ထုတ်ခံလိုက်ရသူများ
လည်း ရှိသည်။ စီအိုစီဂိမ်း အလွန်အကျွံ ကစားသည့် အိမ်ထောင်သည်များတွင် အိမ်ထောင်ရေးအဆင်မပြေမှုများလည်း ရှိခဲ့သည်။  

#ကျောင်းသူကျောင်းသားအချို့မှာလည်း 
စီအိုစီဂိမ်း လွှမ်းမိုးမှု ခံခဲ့ရသည်။ စီအိုစီဂိမ်းကစားရင်း ၀င်ငွေရှာသူများလည်း ရှိသည်။ 

#ဇူလိုင်လအတွင်း စတင်ဖြန့်ချိခဲ့သည့် ပိုကီမွန်ဂိုးဂိမ်းမှာ ယခုအခါ ကမ္ဘာ့နိုင်ငံ အတော်များများ၌ ရောက်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပိုကီမွန်ဂိမ်း ကစားနိုင်နေပြီဖြစ်သည်။

#နိုင်ငံတစ်ဝှမ်းရှိ မြို့အားလုံးတွင်မူ မရရှိသေးဘဲ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာအစရှိသည့် မြို့ကြီးအချို့၌သာ ကစား ၍ ရသေးသည်။ ဂိမ်းကစားရာတွင်လည်း ဖုန်းအမျိုးအစား၊ ဖုန်းကင်မရာ အရည်အသွေး၊ ဂျီပီအက်စ်စနစ် ချိတ်ဆက်မှုစသည်တို့အပေါ်တွင် မူတည်ကာ အချို့ဖုန်းများတွင် ကစား၍ မရပေ။

#ပြည်တွင်းရှိ ပိုကီမွန်ဂိုးဂိမ်းကစားသူများက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် Groupတစ်ခု ဖွဲ့ခဲ့ရာ နှစ်ရက်အတွင်း လူတစ်ထောင်နီးပါး ၀င်ရောက်လာခဲ့သည်။  

“လူစည်တဲ့နေရာတွေဆို အကောင်ပိုမိတာလားဟင်။ မနက်က မြို့ထဲသွားတာ ၅ကောင်ရတယ်။ ညနေ လှိုင်သာယာပြန်တာ ၂ကောင်ပဲရတယ်”၊ “ရွှေတိဂုံ၊ မြို့တော်ခန်းမတဝိုက်၊ ကမ္ဘာအေးကန်ဘောင် အဲဒီမှာ အများကြီးပဲ”စသည်ဖြင့် ပိုကီမွန်ဂိုးဂိမ်း ကစားသည့် အတွေ့အကြုံများကို အချင်းချင်း ဝေမျှခဲ့ကြသည်။

#နိုင်ငံတကာတွင် လူကြိုက်များ ရေပန်းစားနေသော “ပိုကီမွန် ဂိုး (Pokemon Go)”အမည်ရှိ မိုဘိုင်းဖုန်းဂိမ်းကစားနည်းကို မြန်မာနိုင်ငံ၌ သြဂုတ်လ (၆)ရက်မှ စတင်ကာ ကစားနိုင်ပြီဖြစ်သည်။ ပိုကီမွန်ဂိုးဂိမ်းမှာ ပိုကီမွန်ဇာတ်ကောင်အရုပ်လေးများကို အပြင်လောက၌ အမှန်တကယ်ရှိသယောင် ဖန်တီးထားပြီး ဖုန်းကင်မရာဖြင့် ကြည့်ရှုကာ လိုက်လံဖမ်းယူရသော ကစားနည်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်ခန့်က အလွန်အောင်မြင်ခဲ့သော ပိုကီမွန်ကာတွန်းဇာတ်ကားထဲမှ ဇာတ်ကောင်များအား အခြေခံကာ ဖန်တီးထားခြင်း ဖြစ်သည်။ 

ပိုကီမွန်ဂိုးဂိမ်းကို ဂျပန်နိုင်ငံအခြေစိုက် ပိုကီမွန်ကုမ္ပဏီနှင့်အတူ ဂျပန်ကုမ္ပဏီ နီတန်းဒိုး၊ အမေရိကန်အခြေစိုက် နီယန်တစ် အဖွဲ့အစည်းတို့က ပူးပေါင်း တီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိမ်းသည် အမေရိကန်သမိုင်း၌ အကြီးမားဆုံး ဂိမ်းတစ်ခုအဖြစ် စံချိန်တင်ရသည်အထိ အောင်မြင်ခဲ့သည်။ ဂိမ်းကို ယခုနှစ် ဇူလိုင်လ (၆)ရက်တွင် စတင်ဖြန့်ချိခဲ့ရာ ရက်ပိုင်းအတွင်း ကစားသူအရေအတွက် အဆမတန် များပြားလာပြီး ဂိမ်းကုမ္ပဏီ၏ အစုရှယ်ယာများလည်း နေ့ချင်းညချင်း မြင့်တက်သွားခဲ့ကြောင်း သိရသည်။

ဘယ်လိုကစားမလဲ
--------------------

ပိုကီမွန်ဂိမ်းကို ဖုန်းတွင် ထည့်သွင်းကစားရသည်ဆိုသော်လည်း အခြားသော ဖုန်းဂိမ်းများနှင့် မတူကွဲပြားမှု ရှိသည်။ ပိုကီမွန်ဂိမ်းမှာ ဂျီပီအက်စ်စနစ်ဖြင့် ချိတ်ဆက်ကစားရခြင်းကြောင့် ပြင်ပလောကရှိ ပိုကီမွန်အကောင်လေးများကို ဖုန်းမျက်နှာပြင်တွင် မြင်ရသည်။ ပိုကီမွန်အကောင်လေးများက တကယ်ရှိသည်တော့ မဟုတ်။ အမှန်တကယ် ရှိသော ပြင်ပတည်နေရာများတွင် ပိုကီမွန်အကောင်လေးများ ရှိနေသည်ဟု ဂိမ်းကစားသူက မြင်ရအောင် ပုံရိပ်ယောင်ဖန်တီးပေးထားခြင်းသာ ဖြစ်သည်။ 

ပိုကီမွန်များကို လိုက်လံဖမ်းယူရသည့်အတွက် ဂိမ်းကစားသူမှာ တစ်နေရာတည်းတွင် ထိုင်ကစားနေ၍ မရပေ။ ပိုကီမွန်ရှိသည့်နေရာများသို့ လျှောက်သွားကာ ဖမ်းယူကစားကြရသည်။ ပိုကီမွန်ရှိသည့် နေရာမှာ စာသင်ကျောင်း၊ ဘုရား၊ ဈေး၊ ပန်းခြံစသည်ဖြင့် နေရာစုံ ဖြစ်နိုင်သည်။ လူရှုပ်ထွေးသော လမ်းမထက်တစ်နေရာလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ ဂိမ်းက ညွှန်ပြသော နေရာသို့ အရောက်သွားကာ ပိုကီမွန်များကို လိုက်လံဖမ်းယူရသည်ပင် ယင်းဂိမ်း၏ ဆွဲဆောင်မှုတစ်ရပ် ဖြစ်သည်။ 

အင်ဒိုနီးရှားရောက် ပိုကီမွန်
-----------------------------

ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံတွင် စစ်စခန်းအတွင်း ကျူးကျော်ဝင်ရောက်မှုဖြင့် ပြင်သစ်အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရသည်။ ၄င်းအမျိုးသားသည် ပိုကီမွန်ဂိုးဂိမ်း ကစားကာ ပိုကီမွန်ကို လိုက်ဖမ်းရာမှ စစ်စခန်းအတွင်း ၀င်ရောက်မိခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရချိန်တွင် ပြောသည်။ လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် စစ်စခန်းအတွင်း ၀င်ရောက်ခြင်း ဖြစ်သောကြောင့် တာဝန်ရှိသူများက ၄င်းကို နာရီများစွာကြာ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းခဲ့ကြသည်။ 

များမကြာမီတွင် အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ချိန်အတွင်း ပိုကီမွန်ဂိုးဂိမ်း မကစားကြရန် အစိုးရက အမိန့်ထုတ်ခဲ့ပြီး စစ်တပ်မှ တပ်ဖွဲ့ဝင်များကိုလည်း ထိုကဲ့သို့ ဆက်လက်အမိန့်ထုတ်ပြန်သွားမည်ဟု သိရသည်။ 

ဂျပန်ရောက် ပိုကီမွန်
-----------------------

ဂျပန်နိုင်ငံသို့ ပိုကီမွန်ဂိုးဂိမ်း ရောက်ရှိမလာမီအချိန်ကတည်းကပင် ဂျပန်အစိုးရသည် ထိုဂိမ်းကစားသူများ အတွက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတိပေးထုတ်ပြန်ချက်များနှင့်အတူ ကြိုတင်ပြင်ဆင်မှုများကိုပါ ပြုလုပ်ခဲ့သည်။ ဂျပန်နိုင်ငံ အမျိုးသားဆိုက်ဘာလုံခြုံရေးအဖွဲ့သည် ထိုဂိမ်းကစားသူများအတွက် လမ်းညွှန်ချက်ကိုးခု ထုတ်ပြန်ကာ သတိပေးခဲ့သည်။ 

ထိုဂိမ်းကစားသူများ ဘေးအန္တရာယ် မကင်းရှင်းမည်ကို စိုးရိမ်ကြောင်း၊ အစိုးရ၏ အကြံပြုချက်များကို လိုက်နာသင့်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟိုက်ဆူဂါက ပြောသည်။ ယခုအခါ ဂျပန်နိုင်ငံတွင် ပိုကီမွန်ဂိုးဂိမ်းကို ကစားနိုင်နေပြီ ဖြစ်သည်။ ဂိမ်းအတွင်းမှ ဟီရိုးရှီးမား ငြိမ်းချမ်းရေး အမှတ်တရပန်းခြံ ပုံရိပ်များနှင့် နေရာများကို ဖယ်ရှားပေးရန် ဂျပန်အာဏာပိုင်များက ဂိမ်းရေးဆွဲသူများထံ တောင်းဆိုခဲ့သည်။

ဟောင်ကောင်ရောက် ပိုကီမွန်
-------------------------------

ပိုကီမွန်ဂိုးဂိမ်းကို ဟောင်ကောင်၌ ဇူလိုင်လ (၂၅)ရက်က ဖြန့်ချိခဲ့ရာ စိတ်ဝင်စားသူ အလွန်များပြားခဲ့သည်။ ဂိမ်းကစားသူများသည် ဈေးဝယ်စင်တာများမှအစ အစိုးရဌာန၊ စစ်တပ်အဆောက်အအုံများအထိ ပိုကီမွန်ကို လိုက်ရှာခဲ့ကြသည်။ 

#ထို့ကြောင့် အစိုးရဌာနများနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တို့သည် ၄င်းတို့၏ ကန့်သတ်နယ်မြေများအတွင်းသို့ပိုကီမွန်ဂိမ်းကစားသူများ ၀င်ရောက်မလာရန် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ 
           The Myanmar Review Journal 
            အတွဲ ၃ ၊ အမှတ် ၆ ပါ ဆောင်းပါး
Demo May.credit.
Powered by Blogger.