မော်လမြိုင်မြို့တွင် လူသတ်မှု့ဖြစ်ပွား
----------------------------------------------------
1.9.2016 ရက်နေ့ နံနက် 06:00 နာရီအချိန်ခန့်
မော်လမြိုင်မြို့ မော်လမြိုင်မုဒုံသွား ကျိုက်ခမီလမ်းမကြီး ပေါ် ချောင်းစောက်ရပ် ဈေးတန်းနားနှင့် တိုင်းခမ်းမ ရုပ်ရှင်ရုံ ရှေ့နားတွင် ဖဲဝိုင်းတွင် စကားများ ရာမှတဆင့် ဓါးဖြင့် လိုက်လံခုတ်သဖြင့် လူနှစ်ဦးအနက် တစ်ဦး သေဆုံးခဲ့သည့် လူသတ်မှု့ ဖြစ်ပွားခဲ့ ကြောင်း သိရှိရ။
အခင်းဖြစ်နေရာသို့ ဖုန်းသတင်းအရ မြန်မာနိုင်ငံ လူမှု့ကယ်ဆယ်ရေးအဖွဲ့ မော်လမြိုင် Rescue အဖွဲ့သား များမှ အရေးပေါ် ကူညီရန် အချိန်နှင့် တပြေးညီ သွား ရောက်ခဲ့ရာ ဒဏ်ရာရရှိသူ နှစ်ဦးအနက် တိုင်းခမ်းမရှေ့ လမ်းမပေါ်တွင် လဲကျနေသူမှာ ပွဲချင်းပြီး သေဆုံးနေပြီး ချောင်းစောက်ဈေးတန်း အနီး လဲကျနေသူမှာ ဒဏ်ရာ ပြင်းထန် သဖြင့် မော်လမြိုင် Rescue အဖွဲ့မှ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် အချိန်မီ ပို့ဆောင် ပေးခဲ့ပါသည်။
သေဆုံးသူ၏ DeadBody အား မော်လမြိုင် တောင်ပေါ်လမ်းလျှောက် စေတနာနာရေးကူညီမှု့ အသင်း မော်တော်ယာဉ်ဖြင့် Rescue အဖွဲ့သားများနှင့် စေတနာ နာရေးကူညီမှု့ အသင်းသားများ ပူးပေါင်း၍ ထပ်မံသွားရောက် သယ်ဆောင်ပေးကာ ပြည်သူ့ဆေးရုံကြီး opd မှ တဆင့် ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရ။
ဖြစ်စဉ်နှင့် ပတ်သတ်၍ တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး မုပွန်ရဲစခန်းမှ အမှု့ဖွင့်လှစ်ပြီး တရားခံအား လိုက်လံစုံစမ်း ဖမ်းဆီးနေကြောင်း သိရှိရပါသည်။
Zin Moe ( လူရွှင်တော် ဟန်ကို)
