ခွေးကိုအရှင်လတ်လတ် ရေနွေးအိုးထဲထည့်ပြုတ်ခဲ့တဲ့တရုတ်နိုင်ငံကဖြစ်ရပ်

ဒီဖြစ်ရပ်ကတော့ တော်တော်ကို ရက်စက်တဲ့ဖြစ်ရပ်တစ်ခုပါ။ တရုတ်နိုင်ငံမြောက်ပိုင်း  Shijiazhuang ဒေသမှာဖြစ်ပျက်
ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ဈေးထဲမှာ လူ၂ယောက်ဟာ ခွေးတစ်ကောင်ကို အရှင်လတ်လတ် ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲ
ထည့်ပြုတ်ခဲ့ပြီး ဘေးကလမ်းသွားလမ်းလာတွေကလည်း ရယ်နေခဲ့ပါတယ်။

ခွေးက ဆိုးရွားစွာအော်နေခဲ့ပေမယ့် လူ၂ယောက်ရဲ့အားနဲ့ ခွေးသေတဲ့အထိ အဖုံးကိုဖိထားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို
တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fight Dog Meatက တရုတ်အစိုးရအနေနဲ့ ဒီလိုရက်ရက်စက်စက်သတ်
ဖြတ်မှုမျိုးအတွက် တရားဥပဒေရှိသင့်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

 

Fight Dog Meat ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Michel Brownက “ဒီခွေးဟာ ကမ္ဘာပေါ်က အဆိုးရွားဆုံးနည်းနဲ့ သေခဲ့
၇တာပါ။ ခွေးရဲ့မျက်လုံးထဲမှာ ဘယ်လောက်ကြောက်နေလဲ သင်မြင်နိုင်ပါတယ်။ သူရေနွေးအိုးထဲရောက်သွားတဲ့အချိန်
မှာ အကူအညီတောင်းနေခဲ့ပါတယ်။ လူ၂ယောက်က မညာမတာ အဖုံးကိုဖိအုပ်ထားခဲ့ပါတယ်။ ကလေးတစ်ယောက်
က ဘေးမှာရပ်ကြည့်နေပြီး အံ့အားသင့်နေပုံပါပဲ။ ဒါပေမယ့် ဥပဒေသာမရှိရင်  ဒီလိုအဖြစ်အပျက်မျိုး သူနောက်တစ်ကြိမ်
မြင်ရနိုင်ပါသေးတယ်။

ဒီဗီဒီယိုကို တရုတ်နိုင်ငံဝက်ဘ်ဆိုဒ်တစ်ခုက တွေ့ခဲ့တာဖြစ်ပြီး ဘယ်သူရိုက်ကူးခဲ့တာလဲ၊ ဘယ်အချိန်ကလဲတော့ မသိရ
ပါဘူး။ တရုတ်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ခွေးပေါင်း 10 မီလီယမ်လောက် အစားအသောက်အဖြစ်ပြောင်းလဲခြင်းခံနေရပါ
တယ်။

 

Shijiazhuangပြည်နယ်မှာတော့ ခွေးတွေကို စားသောက်ဖို့ ရည်၇ွယ်ချက်ရှိရှိမွေးမြူကြတာလို့လည်း သိရပါတယ်။
တရုတ်နိုင်ငံမှာ ခွေးသားဟာ အရသာရှိတဲ့အသားအဖြစ် လူတွေဟာ စားသုံးကြပါတယ်။ လူတွေဟာ အရသာပိုကောင်း
ဖို့ လတ်လတ်ဆတ်ဆတ်သတ်နည်းတွေကိုလည်း အသုံးပြုလာတာတွေ့ရပါတယ်။ ခွေးတွေဟာ အရှင်လတ်လတ်အပြုတ်
ခံရတယ်၊ အရေခွံနွှာခံရတယ်။ တစ်ခါတစ်လေ ခြေထောက်နဲ့လက်ကို ချည်ထားပြီးမှ နှိပ်စက်လေ့ရှိကြပါတယ်။ သေခါနီး
မှာ ပိုနာလေလေ ပိုအရသာရှိလေလေလို့ သူတို့ကယုံကြည်နေကြပါတယ်။ ခွေးတွေကိုအစားဆုံးနိုင်ငံတွေကတော့
တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖစ်လပိုင်နဲ့ တောင်ကိုရီးယားတို့ဖြစ်ကြပါတယ်။

ထူးထူး (Shwemom)

Source: thesun

Source & Photos : Shwemom


Powered by Blogger.