ပျော့အိပျော့အိနဲ့စားလို့ကောင်းတဲ့ ဂျယ်လီတွေဟာ တကယ်တော့ ဘာနဲ့လုပ်ထားတာလဲဆိုတာ
သင်ဂျယ်လီတစ်ထုပ်ကိုဝယ်ပြီး အနောက်မှာပါတဲ့ပါဝင်ပစ္စည်းတွေကိုကြည့်လိုက်ရင် ပုံမှန်သဘာဝဖြစ်တဲ့ သကြား၊ အသီးအနှံအရသာတို့အပြင် Gelatinဆိုတဲ့ အရာတစ်မျိုးကိုပါတွေ့မြင်ရမှာဖြစ်ပါတယ်။ ပုံမှန်ကြည့်ရင် Gelatinဟာ တခြားပါဝင်ပစ္စည်းတစ်မျိုးအမည်လို့ထင်ရပေမယ့် တကယ်တော့ သူဟာ အနံ့မရှိ၊ အရသာမရှိတဲ့ အဝါရောင်စေးကပ်ကပ်ပစ္စည်းတစ်မျိုးပါ။ သူ့ကို ဘယ်နေရာကနေရသလဲဆိုတော့ တိရစ်ဆာန်အရေခွံနဲ့ အရိုးတွေကိုအကြာကြီးပြုတ်ထားပြီးမှ နောက်ဆုံးထွက်လာတဲ့ပစ္စည်းလို့ဆိုပါတယ်။
ဒီတိရစ်ဆာန်အရေခွံနဲ့ အရိုးတွေကို စက်ရုံတွေကနေမလိုအပ်ပဲ စွန့်ပစ်တဲ့နေရာမှာရလာတယ်လို့ ယူဆလို့ရပါတယ်။ တကယ်တော့ Gelatinဟာ အဆိုးကြီးလဲမဟုတ်ပါဘူး။ သူဟာအာဟာရဖြစ်စေပြီး အမိုင်နိုအက်ဆစ်၁၈မျိုးတောင် ပါဝင်တယ်လို့သိရပါတယ်။ ဒီ Gelatinကို အခြားသော အချိုစားစရာတွေနဲ့ ဆေးဝါးအချို့မှာလဲ သုံးတယ်လို့ သိရပါတယ်။အကယ်၍ သင်ဟာ သတ်သတ်လွတ်သမားတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီဝါးလို့ကောင်းတဲ့ ဂျယ်လီတွေ မစားမိဖို့လိုပြီနော်။
Source : popsugar
Translated by Alexa