ပုသိမ်မြို့တွင် လူနှင့် တူသော ၀က်သေတစ်ကောင်မွေး

4NYiU.jpg------------------------
မျိုးမင်းထွန်း (မြစ်မခ)
ပုသိမ်၊စက်တင်ဘာ (၂၈)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၆)ရပ်ကွက်၊ အောင်ချမ်းသာ (၅)လမ်း ထိပ်ရှိ ဒေါ်ကရင်မ၏ နေအိမ်တွင် မွေးမြူထားသော ၀က်မကြီး တစ်ကောင်မှ လူနှင့် တူသော ၀က်သေလေး တစ်ကောင်ကို စက်တင်ဘာလ (၂၆)ရက်၊ ည(၁၁း၀၀) နာရီခန့်တွင် မွေးခဲ့ကြောင်း သိရှိရသည်။  

ဒေါ်ကရင်မအိမ်တွင် မွေးမြူထားသော ၀က်မကြီးမှ ၀က်သားပေါက် (၁၁) ကောင် မွေးဖွားရာတွင် ၀က်အသေ နှစ်ကောင် ပါဝင်ခဲ့ပြီး တစ်ကောင်မှာ လူခန္ဓာ ကိုယ် ပုံသဏ္ဍန်နှင့် တူညီသော ကိုယ်လက်အင်္ဂါများ ရှိခဲ့ကြောင်း ရပ်ကွက် နေထိုင်သူများထံမှ သိရသည်။

လူပုံသဏ္ဍာန်မွေးခဲ့သော ၀က်ပေါက်ကလေး၏ ခန္ဓာကိုယ် တွင် အမွေးအမြင် မပါဘဲ အရေပြားမှာလည်း လူအရေပြား ကဲ့သို့ဖြစ်နေပြီး ဦးခေါင်းသည်လည်း လူဦးခေါင်း နှင့် တူနေကာ ၀က်လက်၊ ခြေထောက်များ နှင့် နားရွက်တစ်ဖက် ပါရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများထံမှ သိရသည်။

“၀က်တွေက မွေးကတည်းက အမွေးပါတဲ့ အကောင်တွေချည်းပဲရှိတယ်။ ၀က်အသေမွေးတာတွေ အများကြီး ရှိတယ်။ ၀က်ခြောက် အသေလေးတွေကို မွေးတာ ကိုလည်း တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး မွေးတာကို တော့ ဦးလေး ၀က်မွေးလာတာကြာပြီ တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးသေးဘူး။” ဟု အောင်ချမ်းသာ ရပ်ကွက် မှ အသက် ၆၅ နှစ်အရွယ် ဦးဂွတိုက ပြောသည်။ 4Nj8o.jpgထူးဆန်းသော ၀က်ပေါက်ကလေးအား ပထမတွင် တိရိစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးထံ ပို့ကာ မျိုးရိုးဗီဇ စစ်ဆေးရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် ကုန်ကျ စရိတ်ထပ်မံ မသုံးလိုတော့ခြင်း၊ သွားလာရေး ခက်ခဲမှုများ ကြောင့် အိမ်အနီးအနားတွင် မြေမြုပ်ခဲ့ ကြောင်း အိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်ကရင်မထံမှ သိရသည်။

ShweMyitmakha Media
Powered by Blogger.