မန့်ဟောင်းကူးတို့ဆိပ်၌ကုန်တင်ထရော်လာဂျီတစ်စီးဝိတ်များမှုကြောင့်စက်လှေပေါ်မှလျောကျ၊စက်လှေစပယ်ယာနှင့်ထရော်လာဂျီမောင်း သူပျောက်ဆုံးလျှက်ရှိ
သျှမ်းမြောက်၊နမ့်ခမ်းမြို့နယ်၊မန့်ဟောင်းရွာကြီးကူးတို့ဆိပ်တွင် ကုန်တင်ထရော်လာဂျီကား တစ်စီးဝိတ်များမှုကြောင့် မန့်ဟောင်းကုန်းပေါ် ရုန်းအတက် ကုန်းပေါ်မရောက်ဘဲ လမ်းလျော ကာစက်ပေါ်မှကျသွားခဲ့ကာထရော်လာဂျီမောင်းသူနှင့်စက်လှေစပယ်ယာ ယခုထိပျောက်ဆုံး လျှက်ရှိကြောင်းသတင်းရပ်ကွက်ကပြောပါ သည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၄ ရက်နေ့၊မွန်းလွဲပိုင်း ၃း၃၀နာရီအချိန် ထရော်လာဂျီ(ထိုလာဂျီ) ကားအကြီးတစ်စီးမန့်ဟောင်းတဘက်ကမ်းမှနေ၍ပျဉ်ပြားများတင်ဆောင်လာခဲ့ကြောင်း၊အဆိုပါယာဉ်မောင်းသူသည် ပေါက်တင်မ ရပ်ကွက်နေ စိုင်းကျော်လှဖြစ်ပြီး မန့်ဟောင်းကူးတို့ဆိပ်ကမ်း ကပ်ချိန် ၎င်းထရော်လာဂျီအားကုန်းပေါ်တက် ရန်ကြိုးစားတက်စဉ်စက်လှေအလယ်နားအရောက်ဝိတ်များမှုကြောင့် စက်လှေစပယ်ယာလမ်းပြ ရပ်နေသည့်နေရာတွင်လျောကျမှောက်သွားခဲ့ကြောင်းမျက်မြင်သက်သေများကပြောသည်။ ထရော်လာဂျီကားကြီးမှောက်ကျသည့်နေရာသည်စက်လှေအလယ်နားဖြစ်ကာစက်လှေဘောင်ပြုတ်ကျပြီး စက်လှေစပယ်ယာလမ်းပြရပ်သည့် နေရာတွင်မှောက်သွားခဲ့ခြင်းဖြစ်၍ ယာဉ်မောင်း စိုင်းကျော်လှနှင့် စက်လှေစပယ်ယာ မိုးကျော်တို့ ယခုထိပျောက်ဆုံးနေကြောင်းသိရသည်။ယမန်နေ့က စက်လှေပေါ်မှထရော်လာဂျီကား မှောက်ကျကျခြင်း ယာဉ်မောင်းစိုင်းကျော်လှ ခဏတဖြုတ်ရေပေါ်ပြန်ပေါ်ခဲ့သော်လည်း ပြန်နစ်သွားခဲ့ကြောင်း၊စက်လှေစပယ်ယာမိုးကျော်အလောင်းကတော့ လုံးဝပြန်ပေါ်လာခဲ့ခြင်း မရှိကြောင်းသိရသည်။၎င်းတို့သေဆုံးသူ အလောင်းအားချက်ချင်းစက်ကိရိယာအပြည့် အစုံနှင့်ရွာသားများဝိုင်းဝန်းကြိုးစားရှာဖွေ ခဲ့သော်လည်း ညမိုးချုပ်ထိမတွေ့ခဲ့ရကြောင်း ရွာခံများကပြောသည်။တိမ်းမှောက်သည့်ထရော်လာဂျီယာဉ်ကိုတော့ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ credit; Nam Kham News