ငွေရေးကြေးရေးထက် ဂုဏ်သိက္ခာပိုင်းကို လုပ်ကြံတာဖြစ်တာကြောင့် ပြန်လည်ဖြေရှင်း ရင်ဆိုင်ဖို့ ပြင်ဆင်နေကြောင်း အကယ်ဒမီမေသန်းနု ဖွင့်ဟ

a1acd61293a89f10c25d79a4fddaa23a.jpg
*****************************************************************************
“အန်တီဆင့်အနေနဲ့ ဒီကိစ္စကို သက်သေအခိုင်အလုံဖြစ်အောင် သေချာပြင်ဆင်ပြီးမှာ ပြန်လည်ဖြေရှင်းချင်ပါတယ်။ ဒီကိစ္စက သေချာသက်သေခိုင်လုံ အောင်ပြင်ဆင်ပြီးမှ ပြောတာပိုကောင်းတယ်။ အခုချိန် မရှင်းသေးဘူး သေချာမှရှင်းမယ်။ ငွေရေးကြေးရေးထက် ကိုယ့်ရဲ့သိက္ခာပိုင်းဆိုင်ရာ တမင်သက်သက်လုပ်ကြံတယ်ဆိုတာ သိသာတယ်လေ ။ မဆင့်အနေနဲ့ ကတော့ ဒီကိစ္စတွေကို အကုန်လုံးရင်ဆိုင်သွားမှာ ပေါ့နော် ။
လိမ်တယ်ဆိုတာက လူတစ်ယောက်ဟာ ဘာအလုပ်မှ မလုပ်ဘဲနဲ့ သူများပိုက်ဆံကို အလကားယူတာကမှ လိမ်တာ။ ထွက်ပြေးသွားလို့ တိမ်းရှာင်နေတယ်ဆိုရင်တော့ ဒါလိမ်လည်မှု မြောက်ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် (၇) နှစ်လောက် အလုပ်လုပ်လာပြီးမှ အခုမှ လိမ်တယ်ဆိုတာက ဒါ စဉ်စားစရာပဲလေ။ ဒါပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တယ်ဆိုတာ အရမ်းသိသာနေတယ်။ ဒါပေမယ့် တစ်ခုမကောင်းတာက ခေါင်းစဉ်ကတော့ လူအများ စိတ်ဝင်စားအောင် မီဒီယာတွေက လုပ်တာလေ။ မေသန်းနု လိမ်လည်မှုနဲ့ဆိုတာ ။ ဒါ ဟုတ်သလား ၊ မဟုတ်သလား ဆိုတာ လူတစ်ယောက် သိက္ခာအရမ်းထိခိုက်တယ် ။ အမှု မမြောက်သေပဲနဲ့ သူရဲ့ တိုင်စာအရ မီဒီယာတွေနဲ့ ပေါင်းပြီးလုပ်တယ်ဆိုတာ ဒါ တမင်သက်သက် လုပ်ကြံတာလေ။

ငွေရေးကြေးရေးထက် ဂုဏ်သိက္ခာပိုင်းကို လုပ်ကြံတာဖြစ်တာကြောင့် ပြန်လည်ဖြေရှင်း ရင်ဆိုင်ဖို့ ပြင်ဆင်နေကြောင်း အကယ်ဒမီမေသန်းနု...

Posted by 5 Plus News on Saturday, September 10, 2016
==================================================
သတင်းထောက် …………… ဗိုလ်မြင့်
သတင်းဓာတ်ပုံ …………… May Than Nu Facebook
Credit – 5 Plus News
Powered by Blogger.