အင်းဝအပ်ချုပ်ဆိုင်က နှိပ်စက်ခံအိမ်အကူမိန်းကလေးတွေ ကိစ္စကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး အမှုဖွင့်
==================================၂၀..၉..၁၆
-
ကျောက်တံတားမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ လမ်း ၄၀(အထက်)ရှိ အင်းဝ
အပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၏နေအိမ်(၈)လွှာတွင် လွန်ခဲ့သော ၅ နှစ်
ခန့်မှစ၍ အသက်(၁၂)နှစ်အရွယ်ခန့်ရှိ အိမ်အကူအမျိုးသမီးငယ်များမှာ
နေ့စဉ်နှိပ်စက်ခံနေရကြောင်း၊ ၎င်းတို့ခန္ဓာကိုယ်အနှံအပြားတွင် ထိုးသွင်း
ပြတ်ရှအမာရွတ်များလည်းတွေ့ရှိရကြောင်း မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်ရေးကော်မရှင်သို့ လိပ်မူ၍တိုင်တန်းမှုအား ကျောက်တံတား
မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တိုင်စာအား သက်သေများနှင့်အတူ စိစစ်ခဲ့ရာ
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာအုပ်စု၊ဘောလုံးကွင်းကျေးရွာနေ မတင်တင်ခိုင်(၁၈)နှစ်၊ မစန်းကေခိုင်၊ (၁၇)နှစ်နှင့်
မသဇင်(၁၆)နှစ်တို့အား ၎င်းတို့၏အုပ်ထိန်းသူမိဘများမှ အိမ်အကူလုပ်ငန်း
လုပ်ကိုင်ရန်အတွက် အင်းဝအပ်ချုပ်ဆိုင်သို့ရောက်ရှိခဲ့ကြောင်း၊ ပိုင်ရှင်ဖြစ်သူ
ဒေါ်တင်သူဇာမှ အိမ်အကူလစာတစ်လလျင် ငွေကျပ်(၂၀၀၀၀)ရမည်ဖြစ်
ကြောင်းပြောဆို၍လက်ခံခဲ့ကြောင်း၊ လုပ်ခလစာများအား ၂၀၁၄ ခုနှစ်၊
သြဂုတ်လအထိရရှိခဲ့သော်လည်း စက်တင်ဘာလမှစ၍ လုပ်ခလစာများ
မရရှိတော့ဘဲ ဆက်လက်လုပ်ကိုင်နေရကြောင်း၊
လုပ်ငန်းလုပ်ကိုင်ရာတွင် လွဲချော်ပါက ဒေါ်တင်သူဇာနှင့် သီရိလတ်တို့မှ မျက်နှာနှင့်တစ်ကိုယ်လုံး အား ရိုက်နှက်ညဉ်းပန်းနှိပ်စက်ခြင်း၊ အစာရေစာမကျွေးဘဲထားခြင်း၊ မစန်းကေခိုင်၏ လက်ချောင်းများအားလှန်ချိုးခြင်း၊ ကိုယ်အင်္ဂါချို့ယွင်း အောင် အမျိုးမျိုးနှိပ်စက်ခြင်းများခံခဲ့ရကြောင်း၊
-
အုပ်ထိန်းသူမိဘများ လာရောက်တွေ့ဆုံသည်ကို ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် တွေ့ဆုံခွင့် မပေးသည့်အပြင် လုပ်ခလစာများကိုလည်း ပေးခြင်းမရှိ
တော့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှတ်(၆)လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ၂၀.၉.၂၀၁၆ ရက်နေ့တွင် ဒေါ်တင်သူဇာနှင့် သီရိလတ်တို့အား အရေးယူပေးရန်တိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ ဒေါ်တင်သူဇာနှင့် သီရိလတ်တို့အား ကျောက်တံတား
မြို့မရဲစခန်း (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ
၂၄/၃၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
==========
Yangon Police