ရွှေဆိုင်တွင်းဝင်ကာ သေနတ်တုကိုင်၊ ဓားယမ်းခြိမ်းခြောက် ဓားပြတိုက်

ရွှေဆိုင်တွင်းဝင်ကာ သေနတ်တုကိုင်၊ ဓားယမ်းခြိမ်းခြောက် ဓားပြတိုက် 

ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၈ ရက်နေ့က အမျိုးသားတဦးဟာ သေနတ်တုတလက်နဲ့ ဆာမူရိုင်းဓားတလက် ကိုင်ဆောင်ဝှေ့ယမ်းပြီး ရွှေဆိုင်တဆိုင်ကို ခြိမ်းခြောက် ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ လန်းပမ်းမြို့မှ ရွှေဆိုင်တဆိုင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသားဟာ ဆိုင်တွင်းမှ ရွှေထည်အမျိုးအမယ် ၄၂ မျိုးကို ယူဆောင်သွားခဲ့တယ်လို့ ချင်းမိုင်ဒေးလီးနယူးစ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဲဒီနေ့က မိုးသည်းသည်းထန်ထန်ရွာနေချိန်မှာ ၀န်ထမ်းအများစု ထမင်းစားသွား ချိန်မှာ သူက အခွင့်ကောင်းယူဝင်ရောက်ခဲ့တာပါ။

သူဟာ ဓားနဲ့ သေနတ်ကို ကိုင်ဆောင်ပြီး တယမ်းယမ်းနဲ့ ခြိမ်းခြောက်ခဲ့တာမို့ ၀န် ထမ်းတွေဟာ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြပြီး ရွှေတွေကို ထုတ်ပေးခဲ့ကြရတာပါ။

အဲဒီနောက်တော့ စုစုပေါင်းတန်ဖိုးငွေဘတ် ၈ သိန်းလောက်တန်ဖိုးရှိတဲ့ ရွှေထည် တွေကို ယူဆောင်ပြီး သေနတ်တုဖြစ်ကြောင်းပြောဆိုကာ လိုင်စင်နံပါတ်ပြားမပါရှိတဲ့ ဆိုင်ကယ်တစီးနဲ့ ပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသားဟာ အနက်ရောင် သိုးမွေးခေါင်းစွပ်အင်္ကျီကို ၀တ်ဆင်ထားခဲ့ပြီး သူ့ရဲ့ လေသံဟာ မြောက်ပိုင်းသံဖြစ်တယ်လို့ ၀န်ထမ်းတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရဲတွေက သူ့နောက်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ် ဆောင်နေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB

Powered by Blogger.