လှိုင်သာယာမြို့နယ်၌ ရွှေထည်ပစ္စည်းများ လိုက်လံရာင်းချနေသူကို  မသင်္ကာသဖြင့် စစ်ဆေးရာမှ မော်လမြိုင်မြို့မှခိုးယူလာသည့်ပစ္စည်း များဖြစ်ကြောင်း ပေါ်ပေါက်

chp1o.jpgရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် 
မှုခင်းများလျော့နည်းကျဆင်းရေးအတွက် ခိုးမှု၊ လုယက်မှုများအား 
စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိရာ ၇.၉.၂၀၁၆ ရက်နေ့ 
၁၃၀၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ ၇ ရပ်ကွက်၊ ဗိုလ်အောင်ကျော်
လမ်း၌ အမျိုးသားတစ်ဦးမှ ရွှေထည်ပစ္စည်းများကို မသင်္ကာဖွယ်လိုက်လံ
ရောင်းချနေကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
မှတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းရာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲ
မြို့နယ်နေ သူရ(ခ)မြတ်သူရ၊(၂၆)နှစ်အား ရွှေထည်ပစ္စည်းများနှင့်အတူ
တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ၎င်းပစ္စည်းများမှာ ၃၁.၈.၂၀၁၆ ရက်နေ့ ညနေ 
၎ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးအနီးရှိနေအိမ်
အတွင်းမှ ခိုးယူလာကြောင်းပေါ်ပေါက်ခဲ့သဖြင့် မော်လမြိုင်မြို့မရဲစခန်း
သို့ ဆက်သွယ်အတည်ပြုခဲ့ရာ ယင်းနေ့က မော်လမြိုင်မြို့၊ ဖက်တန်း
ရပ်ကွက်၊ အင်ဂျင်နီယာလမ်းသွယ်ရှိနေအိမ်မှ ရွှေထည်ပစ္စည်း(၉)မျိုးနှင့်
ငွေကျပ် ၇ သိန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၇၀ ခန့်ပျောက်ဆုံးခဲ့၍
မော်လမြိုင်မြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်းဆောင်ရွက်နေသောအမှုမှ 
ပါဆုံးသွားသောရွှေထည်ပစ္စည်းများဖြစ်ကြောင်း အတည်ပြုသိရှိရပါသည်။

ယင်းသို့ ပေါ်ပေါက်ချက်အရ ရန်ကုန်မြို့တွင် ပေါင်နှံရောင်းချထားရှိသည့် 
၎င်းအမှုမှ သက်သေခံရွှေထည်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး 
အမှုဖြင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကာ အခြားခိုးမှု၊ လုယက်မှုများ
ကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit: Yangon Police
https://m.facebook.com/story.php?story_fbid=925509930911608&substory_index=0&id=326712354124705
Powered by Blogger.