အင်းဝအပ်ချုပ်ဆိုင်အမှု ယနေ့ဒုတိယအကြိမ်ရုံးထုတ်၊အောက်တိုဘာ ၆ရက်နေ့တွင် စတင်စစ်ဆေးမည်
ရန်ကုန် စက်တင်ဘာ ၂၉အင်းဝအပ်ချုပ်ဆိုင်အမှုမှ ဖမ်းဆီးခံထားရသည့် ဒေါ်
တင်သူဇာအပါ၅ဦး၊မသီရိလတ်တို့ကို လာမည့် အေ
ာက်တိုဘာလ၆ရက်နေ့တွင်အနောက်ပိုင်းခရိုင်တရားရုံး၌စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အင်းဝအပ်ချုပ်ဆိုင်အမှုမှ ဖမ်းဆီးခံထားရသူများကို ယနေ့စက်တင်ဘာလ ၂၉ရက်နေ့ နံနက်၁၀
နာရီခွဲတွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ရှေ့နေ့ဌားလိုက ဌားထားရန် ယင်းအမှုကို စစ်ဆေးမည့်တရားသူကြီး ဒေါ်ဆွေဆွေဝင်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ရက်နေ့က ပထမအကြိမ်ရုံးထုတ်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်အမှုကို အ
ပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀နာရီခွဲခန့်အချိ
န်တိုင်း ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းအနေ
ာက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။
သတင်း-ဖြိုးထက်အောင်ဓာတ်ပုံ-ခွန်လတ်
Popular News Journal