ရန်ကုန်မြို့လယ်ကောင်တွင် အမျိုးသမီးများအား အမျိုးသားတစ်ဦးက လက်ဖြင့်လိုက်ဆွဲခြင်း၊ သွားဖြင့်လိုက်ကိုက်ခြင်း ဖြစ်ပွား

===================

===================


ရန်ကုန်မြို့လယ်ကောင်တွင် လမ်းသွားလမ်းလာ အမျိုးသမီးများအား အမျိုးသား တစ်ဦးက လက်ဖြင့်လိုက်ဆွဲခြင်း၊ သွားဖြင့် လိုက်ကိုက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ဆာကူရာတာဝါနှင့် သမ္မတရုပ်ရှင်ရုံအကြား မီးရထား ခုံးတံတားအနီး အမျိုးသားတစ်ဦးသည် လမ်းသွားလမ်းလာ အမျိုးသမီးများအား လက်ဖြင့် လိုက်ဆွဲခြင်း၊ သွားဖြင့်လိုက်ကိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လမ်းသွားလမ်းလာ အမျိုးသမီးများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။


“ကျွန်မအနားရောက်လာတော့ ကျွန်မလက်မောင်းကို ကိုက်တယ်။ ကျွန်မက ရှောင်လိုက်တော့ နည်းနည်းပဲ ထိသွားတယ်။ သူ့ကိုတော့ အဲဒီနားက တက္ကစီ ကားမောင်းတဲ့ အစ်ကိုကြီးတွေနဲ့ ကုမ္ပဏီတစ်ခုက လုံခြုံရေး ဦးလေးကြီးတွေကဖမ်းပြီး ကျောက်တံတား ရဲစခန်းကို ကနဦး ပို့လိုက်တယ်။ မင်္ဂလာတောင်ညွန့် ရဲစခန်းက သူတို့အပိုင်မို့လို့ လွှဲပြောင်းရယူပြီး အရေးယူမယ်လို့ သိရတယ်” ဟု အဆိုပါ ဖြစ်စဉ်အား ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသမီး တစ်ဦးက ပြောကြားသည်။


ထိုသို့ အမျိုးသမီးများအား လက်ဖြင့် လိုက်ဆွဲခြင်း၊ သွားဖြင့် လိုက်ကိုက်ခြင်း ပြုလုပ်ခဲ့သည့် အမျိုးသားအား စိတ်မနှံ့သူဟု ယူဆရသည့်အတွက် တာဝန်ရှိသူများက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ ပိုဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


Writer: 

နေမျိုးဝင်း


============


Eleven Media Group

Powered by Blogger.