ပိုက်ဆံလိုက်တောင်းရတာ ပိုက်ဆံ ၈၀၀၀မပြည့်သေးလို့တဲ့ အိမ်မပြန်ရဲပဲ ငိုယိုနေသော ခလေးငယ်
မနေ့ည 7:30 ခန့် ဘဘဦးတိုးဆေးရုံတက်နေတာကိုသွားကူညီပြီးအပြန်
ပုပ္ပါးကွမ်းယာဆိုင်သို့ အဝင် ဆိုင်၏မလှန်းမကမ်းမှာ ခလေးတစ်ယောက် ငိုနေတာတွေ့တယ်။ပထမတော့ ခလေးချင်းရန်ဖြစ်ပြီးငိုနေတာမှတ်လို့ အမှတ်တမဲ့ပေါ့
ဒါနဲ့ခလေးကိုမေးကြည်တော့ အိမ်မပြန်ရဲလို့ပါတဲ့
ဘာကြောင့် အိမ်မပြန်ရဲလဲမေးကြည်တာပေါ့
ပိုက်ဆံ ၈၀၀၀မပြည့်သေးလို့တဲ့ဗျာ မင်းကဘာလုပ်လို့လည်းမေးတော့ ပိုက်ဆံလိုက်တောင်းရတယ် မနက်ပိုင်းကို ၅၀၀၀ကျပ် ညနေဆို ၈၀၀၀ကျပ် တောင်းပေးရတယ်လို့ပြောတယ် အခု၄၄၅၀ကျပ်ဘဲရလို့ အိမ်မပြန်ရဲ့လို့ဆိုပြီး ငိုပြောခဲ့တယ်
ခလေးကို မေးကြည့်တော့ မိဘတွေကဆုံးသွားပြီ အခု ဦးလေးနဲ့နေတယ် အသက်ဘယ်လောက်ရှိလဲမေးတော့ မသိဘူးတဲ့ဗျာ တောင်းရမ်းခိုင်းတာ ၃ ရက်ဝန်းကျင်ရှိပြီလို့ပြောတယ် တနေ့၈၀၀၀ ပြန်မပေးနိုင်ရင် ဓါတ်ကြိုးနဲ့ရိုက်တယ် ကျောကုန်းမှာလည်း ဒဏ်ရာရှိတယ်လို့ ပြောတယ် ဒါနဲ့ ကျနော်လဲ ဘာလုပ်ရမှန်းမသိတော့ အမှတ်(၁)ရဲစခန်း တာဝန်မူးထံကိုသွားအကြောင်းကြားပြီး အကူအညီတောင်းခဲ့တယ်
သူငယ်ချင်းတို့ ဘာလုပ်ကြမလဲ?
Credit ပန်းပျိုး သူလက်