မော်လမြိုင်မြို့ မြိုင်သာယာ ၃၈ လမ်းက ရင်နင့်စရာ ဖြစ်စဉ်
---------------------------------------------------------------------------
5.9.2016 ရက်နေ့
မော်လမြိုင်မြို့ မြိုင်သာယာ ၃၈ လမ်း အိမ်အမှတ် ၆၅၃ ယဉ်နုကြေးအိုး ဆီချက်ဆိုင် အနောက်လမ်း နေအိမ်ထဲ မှာ အပျိုကြီး လူပျိုကြီး မောင်နှမ နှစ်ယောက် နေထိုင် ပါတယ်။ အမဖြစ်သူက အသက် ၈၀ ကျော် မောင်ဖြစ်သူ က အသက် ၇၀ ကျော်။ အဖွားဖြစ်သူက လေဖြန်းနေပြီး ကျန်းမာရေးမကောင်း မထနိုင်။ မောင်ဖြစ်သူကလည်း အသက်အရွယ် ကြီးရင့် နေသော် လည်း အစ်မဖြစ်သူကို ပြုစုပြီး နေထိုင်ကြတယ် လို့သိရပါတယ်။
မြင်ရတဲ့ မြင်ကွင်းက ရင်နင့်စရာ။ ပြုစုနေရတဲ့ မောင်ဖြစ်သူက နေအိမ်နောက်ဖေးခန်းမှာ ပက်လက် အနေအထားနဲ့ ပုတ်ပွပြီး သေဆုံးနေတယ်။ မောင်ဖြစ်သူ ရဲ့ အလောင်းနားမှာ အစ်မဖြစ်သူရဲ့ မစင်ခွက်လို့ ယူဆရတဲ့ မစင်ခွက်။ အမဖြစ်သူ အဖွားအပျိုကြီးက အိပ်ခန်းထဲက ကုတင်ပေါ်မှာ မထနိုင်ပဲ အသက် မျော့မျော့လေး ကျန်တော့တယ်။ မောင်ဖြစ်သူ သေဆုံးပြီးကတည်းက အစာရေစာ မစားရပဲ ဒီတိုင်း အားပြတ်နေရတဲ့ပုံ။
ဖြစ်စဉ်ကို အကြမ်းဖျဉ်း သုံးသပ်ပြရရင် မောင်ဖြစ်သူ အဖိုးက အစ်မဖြစ်သူ အဖွားရဲ့ မစင်ကို ဂေါ်ပြားနဲ့ကျုံး သန်ရှင်းရေး လုပ်ပေးပြီး နောက်ဖေး မှာ သွားသွန်ပုံ ရပါတယ်။ အခန့်မသင့်လို့ ခြေချော်ကျ၍ သော်လည်းကောင်း တစုံတခု ကျန်းမာရေး အခြေအနေ ကြောင့်သော် လည်းကောင်း လဲကျသေဆုံး သွားပါလိမ့်မယ်။ အလောင်း ပုံသဏ္ဍာန် ကြည့်ရတဲ့ ပုံက အနည်းဆုံး ၄ ရက် ၅ ရက်လောက် ရှိတယ်လို့ ခန့်မှန်း ရပါတယ်။ အသက်ရှင် ကျန်ခဲ့တဲ့ အသက် ၈၀ ကျော် အဖွားကလည်း အိပ်ယာထဲက မထနိုင်။ အစားရေစာ ဘယ်လောက်များ ပြတ်တောက် နေရမလဲဗျာ။ ပြီးတော့ အလုံပိတ် တစ်ထပ်တိုက် နေအိမ်ထဲမှာ အပုပ်နံ့ တထောင်းထောင်းနဲ့ နေထိုင်နေရတယ်။ ကိုယ်တွေတောင် ဘယ်လိုမှ အနံ့မခံနိုင်ဘူး။
အပုပ်နံ့ ရနေသော်လည်း ပတ်ဝန်းကျင်က အနည်းငယ် အေးချမ်း တိတ်ဆိတ်တဲ့ နေရာဖြစ်တဲ့ အတွက် သူလိုလို ကိုယ်လိုလို ကြွက်ပုတ်လိုလို ခွေးပုတ်လိုလိုပေါ့။ နောက်ဆုံး ဘယ်လိုမှ မခံနိုင်အောင် အနံ့ထွက်တော့မှ ပတ်ဝန်းကျင်က လူတွေစုပြီး နေအိမ်ထဲ ပြတင်းပေါက်က ချောင်းကြည့်တော့မှ အဖြစ်မှန်သိရ။ ကူကြကယ်ကြ ရတော့တာပေါ့။
အခင်းဖြစ်နေရာသို့ မော်လမြိုင် လူမှု့ကယ်ဆယ်ရေး RESCUE အဖွဲ့မှ ဖုန်းသတင်း ရရခြင်း ည 8:15 PM အချိန် ကားနှစ်စီးဖြင့် ထွက်ခွာပြီး အသက်မျော့မျော့သာ ကျန်တော့တဲ့ အဖွားအိုကို ဆေးရုံကြီးသို့ အရေးပေါ်ပြုစု ပို့ဆောင် ပေးခြင်း၊ ပုတ်ပွ သေဆုံးနေတဲ့ Deadbody ကို သယ်ဆောင် ပေးဖို့အတွက် တောင်ပေါ်လမ်းလျှောက် စေတနာ နာရေးကူညီမှု့အသင်းကားအား သွားရောက် ယူဆောင်ပြီး အလောင်းအား သယ်ဆောင်ပေးကာ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင် ကူညီပေးခဲ့ခြင်းများ ပြုလုပ်ပေး ခဲ့ပါတယ်။
ဖြစ်စဉ်အား သေမှု့သေခင်း ဖွင့်လှစ်ကာ မြိုင်သာယာ ရဲစခန်းမှ ဆက်လက် စစ်ဆေးနေကြောင်း ကနဦး တင်ပြအပ်ပါသည်။
Zin Moe (ဟန်ကို)
တော်ပြီ ဓါတ်ပုံများတယ် ဒီလောက်ပဲ တင်ပေးတော့မယ်

