ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား  ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူအား ထပ်မံဖမ်းဆီးရမိ

ydcjF.jpgရန်ကုန်၊ စက်တင်ဘာ ၂၁

ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား 
ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတား
မြို့ရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
ပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုမှကျန်ရှိသည့်
ပြစ်မှုကျူးလွန်သူ ဦးကိုလတ်၊ (၆၃)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၂၀၅၀ 
အချိန်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
Powered by Blogger.