မောင်ဖြစ်သူ ဘုရားပေါ်၌သေဆုံးခဲ့မှုနှင့် ပက်သက်၍ အစ်မဖြစ်သူမှ တိုင်ကြားအမှုဖွင့်
မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့တွင် ဘုရားပေါ်၌ စက်တင်ဘာ ၄ ရက်က မောင်ဖြစ်သူသေဆုံးခဲ့မှုနှင့်ပက်သက်၍ အစ်မဖြစ်သူမှ မောင်ဖြစ်သူအား နေအိမ်မှခေါ်ဆောင်သွားသူအား တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း နယ်မြေခံ ရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီအချိန်က မခင်မာချို၊ မြေနီခင်ရပ်ကွက်၊ရေနံချောင်းမြို့နေ သည် အေးကုန်းရပ်ကွက်ရှိ တောင်းဆုရဘုရားပေါ်တွင် အတူနေ မောင်ဖြစ်သူ ဇော်မိုး မှာသေဆုံးနေကြောင်း ဆယ်အိမ်စုမှူး ဦးကိုကိုဝင်းမှ လာရောက်ပြောကြားခဲ့သဖြင့် ဘုရားပေါ်သို့သွားရောက်ကြည့်ရှုရာ ဘုရားရင်ပြင်တော်ပေါ်ရှိ တန်ဆောင်းပေါ်တွင် ဇော်မိုးအား အိပ်လျှက်အနေအထားဖြင့် ပုဆိုးအဖြူ နက်ကွက်ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်း၌ အင်္ကျီမပါဘဲ မျက်နှာညိုမဲ၊ ယာတံတောင်ပွန်းပဲ့ဒဏ်ရာ၊ ယာနို့အုံအောက်ပွန်းပဲ့၊ ဝဲ နားနောက်ညိုမဲ၊ နောက်ကျောပွန်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ ရှိခဲ့ပြီး ဇော်မိုးမှာ မသေဆုံးခင် စက်တင်ဘာ ၃ ရက် ည ၇ နာရီခွဲအချိန်က တစ်ရပ်ကွက်တည်းနေ သန်းထိုက်အောင်(ခ)ဖိုးထိုက် မှ ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ဆောင်သည်ကို အိမ်နီးချင်းဖြစ်သူ မနှင်းရွှေစင်မှ သိမြင့်ကြောင်းနှင့် ၎င်းနေ့ည ၉ နာရီအချိန်တွင် တောင်းဆုရ ဘုရားပေါ်၌ ဇော်မိုး နှင့် သန်းထိုက်အောင်(ခ)ဖိုးထိုက်တို့ ထိုးကြိတ် ရန်ဖြစ်ကြသံကို တောင်းဆုရဘုရားခေါင်းရင်း၏ အရှေ့ဘက်တွင်နေထိုင်သူ ကိုသန်းစိုးဝင်းမှ ကြားသိရကြောင်းပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားမှုအရသိရသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ ဇော်မိုးအား သတ်သွားသူအားစုံစမ်းဖော်ထုတ် အရေးယူပေးရန် မခင်မာချိုမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် ရေနံချောင်းမြို့နယ်၊လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ (ပ)၁၀၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ထားကြောင်းသိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
yenan gyaung