ခရီးသည်တင်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးထံမှ ငွေနှင့် လက်ကိုင်ဖုန်း နှိုက်ယူသူများကို ဖမ်းဆီးအရေးယူ
ရန်ကုန်၊ စက်တင်ဘာ ၅
၃.၉.၂၀၁၆ ရက်နေ့ ၁၂၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်နေ အမျိုးသမီးတစ်ဦး
သည် အင်းစိန်မြို့နယ်မှ ရွှေပြည်သာမြို့နယ်သို့ပြန်ရန်အတွက် အင်းစိန်မြို့နယ်၊
ပေါက်တောဝကားမှတ်တိုင်မှ အမှတ်(၁၀၁)ယာဉ်လိုင်း ခရီးသည်တင်
ဒိုင်နာယာဉ်ဖြင့် စီးနင်းလိုက်ပါလာခဲ့ရာ အောင်ဆန်းဈေးကားမှတ်တိုင်
အရောက် လက်ဖြင့်ကိုင်ထားသော ပိုက်ဆံအိတ်မှာ ဇစ်ပွင့်နေသည်ကို
တွေ့ရှိရပြီး ၎င်းပိုက်ဆံအိတ်အတွင်းထည့်ထားသော ငွေကျပ် ၅၅၀၀၀၀
နှင့် HUAWEI အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့မှာ ပျောက်ဆုံးနေသဖြင့်
စုံစမ်းရာ ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသားတစ်ဦးမှ နှိုက်ယူ
သွားကြောင်းသိရှိရသဖြင့် လှည့်ကင်းတာဝန်ဆောင်ရွက်နေသော
ရဲတပ်ဖွဲ့များအား အကူအညီတောင်းခံခဲ့ပါသည်။
၎င်းနောက် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ
အင်းစိန်မြို့နယ်၊ အောင်ဆန်းဈေးအနီးတွင် ငွေနှင့်လက်ကိုင်ဖုန်းနှိုက်ယူ
သွားသူ လှိုင်သာယာမြို့နယ်နေ စည်သူ၊ (၂၀)နှစ်နှင့်အတူ နန်းဝေအောင်၊
(၂၀)နှစ်၊ မအေးပြည့်နွယ်၊ (၂၀)နှစ်တို့ ၃ ဦးအား ပျောက်ဆုံးသွားသော
ငွေ၊ လက်ကိုင်ဖုန်းတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့ ၃ ဦးအား အင်းစိန်မြို့မရဲစခန်း(ပ) ၁၉၉၃/၂၀၁၆၊ ရာဇသတ်ကြီး
ပုဒ်မ-၃၇၉(နှိုက်) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အခြားခိုးမှု၊ ခါးပိုက်
နှိုက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
https://m.facebook.com/story.php?story_fbid=921376261324975&substory_index=0&id=326712354124705

