သိရိလတ်ကို ဖမ်းမိပြီ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်နေအိမ်မှ အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ခဲ့သည့်ဖြစ်စဉ်မှ တိမ်းရှောင်နေသူတစ်ဦး လာရောက်အဖမ်းခံ
===============================
ရန်ကုန်၊ စက်တင်ဘာ ၂၈
===============================
ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား
ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတား မြို့မရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
ပုဒ်မ ၂၉/၂၄/ ၃၂၊ (ပ)၂၀၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၅/၃၄၄/
၁၁၄ နှင့် ရဲအရေးမပိုင်မှုအမှတ်စဉ်(၄၀/၂၀၁၆)၊ ကလေးသူငယ်ဥပဒေ ပုဒ်မ-၆၆(ဃ) တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုများမှ
တိမ်းရှောင်နေသူ မသီရိလတ်၊ (၃၄)နှစ်မှာ ၂၈.၉.၂၀၁၆ ရက်နေ့ ၂၁၀၀ အချိန်တွင် ကျောက်တံတားမြို့မရဲစခန်းသို့ လာရောက် အဖမ်းခံ
ခဲ့သဖြင့် အရေးယူဆောင်ရွက်ရန် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။
==================
Ref - Yangon Police
The Ladies News
