ဓား၊ သံတုတ်တို့ဖြင့် ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်ပြီး သေဆုံးအောင် ပြုလုပ်သူ ၂ ဦးအား လူသတ်မှုဖြင့်ဖမ်းဆီးအရေးယူ
၂၃.၉.၂၀၁၆ ရက်နေ့ ၂၀၃၀ အချိန်ခန့်တွင် ကုမ္ပဏီယာဉ်အုပ်ချုပ်တာဝန်ခံ
ဖြစ်သူ ဦးအောင်လွင်ထံသို့ ၎င်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ယာဉ်
အမှတ် 9B-----NISSAN ယာဉ်မောင်းဖြစ်သူ အေးလင်းထွဋ်အား ဓားဖြင့်
ဝိုင်းဝန်းထိုးသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်းကို
၎င်းယာဉ်၏ ယာဉ်နောက်လိုက်ဖြစ်သူမှ အကြောင်းကြားလာခဲ့ကြောင်းနှင့်
ဓားဖြင့်ထိုးသူများမှာ ၎င်းကုမ္ပဏီယာဉ်မောင်းများဖြစ်ကြသော အင်းစိန်
မြို့နယ်နေသူများဖြစ်ကြသည့် ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ်
တို့ဖြစ်ကြောင်း တိုင်တန်းလာခဲ့ပါသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်သူ အေးလင်းထွဋ်မောင်းနှင်လာသည့် 9B----
NISSAN ယာဉ်သည် ရွှေပြည်သာမြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်
ဘက်သို့မောင်းနှင်လာစဉ် ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်
လမ်း၊ သင်္ဘောကျင်းမှတ်တိုင်အနီးအရောက် ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း
(ခ)နိုင်လင်းထွဋ်တို့စီးနင်းလာသော အဖြူရောင်အငှားယာဉ်မှာ ၎င်းတို့၏
ယာဉ်ရှေ့မှပိတ်ရပ်ကာ ယာဉ်မောင်း အေးလင်းထွဋ်အား ရှိုင်းဝင်းထွဋ်မှ
ဓားဖြင့်ထိုးပြီး နိုင်လင်း(ခ)နိုင်လင်းထွဋ်မှသံတုတ်ဖြင့်ရိုက်နှက်ခဲ့သဖြင့်
အေးလင်းထွဋ်၌ ယာရင်အုံနှင့် ၀ဲရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊
မေးစေ့စုတ်ပြဲ၊ ၀ဲလက်ဖ၀ါးစုတ်ပြဲ ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး
သို့ပို့အပ်စဉ် သေဆုံးသွားခဲ့ကြောင်း၊ အခင်းမဖြစ်ပွားမီ လွန်ခဲ့သော ၂ ရက်
ခန့်က ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ အေးလင်းထွဋ်၊
ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ်တို့သည် အချင်းချင်းစနောက်ရာမှ
စကားများရန်ဖြစ်ခဲ့သည့်ကိစ္စအား ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ်
တို့မှ မကျေနပ်၍ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ ကျူးလွန်သူ ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ်တို့ ၂ ဦးအား
ကမာရွတ်မြို့မရဲစခန်း (ပ)၅၄၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်
ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref; Yangon Police
