တည်းခိုးခန်းတွင်တည်းခိုနေသူအမျိုးသမီးတစ်ဦး ကြိုဆွဲချသေဆုံး

yaFZZ.jpgသေဆုံးသူ၏ မိဘများသိစေရန် တင်ပြအပ်ပါသည်။
******************
တည်းခိုးခန်းတွင်တည်းခိုနေသူအမျိုးသမီးတစ်ဦး ကြိုဆွဲချသေဆုံး
21.9.2016 ရက်နေ့ 0945 အချိန်ခန့်တွင် ကော့ သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံဗဟိုလမ်း ရှိ ကောင်းလှိုင် တည်းခိုခန်း အခန်းအမှတ် ၁၄ တွင် တည်းခိုနေသော တည်းခို ခန်းမှတ်တမ်းများအရ မဆောင်းနှင်းဖြူ ၁၉ နှစ် (ဘ)ဦးထွန်းဝင်း ကြောင်ငယ် ရပ် မြိတ်မြို့နေသူ သည်ကုတင်ခေါင်းရင်းရှိ ပြူတင်း ပေါက်တွင် တပ်ထားသောသံဇကာ၏အောက်ဖက် သစ်သား ဘောင်တွင်လျှပ်စစ်မီးကြိုးဖြင့်ချည်ပြီး နံရံပြူတင်း ပေါက်ဖက်သို့မျက်နှာမူ၍ မှောက်လျှက် လျှောချ အနေအထားဖြင့်ကြိုးဆွဲချသေဆုံးနေပြီး ပြူတင်း ဘောက်သံဇကာ၏ သစ်သားဘောင်မှ ကြမ်းပြင် အထိ ၃ ပေ ၆ လက်မခန့်သာရှိကာ ခါးအထက် ပိုင်းမှာနံရံအားမျက်နှာမူလျှက်ကပ်ထားပြီး ခါးအောက်ပိုင်းမှာ ကုတင်အောက်သို့လျှောကျ လျှက်သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
တည်းခိုခန်းအတွင်းပစ္စည်းတင်ခုံပေါ်မှ ဗလာစာအုပ်ဖြင့်" အောင်ကိုမင်း အားအချစ်ရဆုံး ဖြစ်ကြောင်း၊ ကို့အနားမှာလိပ်ပြာအဖြစ်အမြဲရှိနေ မယ်"ဟုရေးသားထားသည့်စာအုပ်တစ်အုပ်နှင့်အခြားပစ္စည်းများ ခန္တာကိုယ်မှ တစ်ထောင်ကျပ် တန် ၂ ရွက် ရွှေရည်စိမ်နားဆွဲတစ်ရံတို့အား လည်းစစ်ဆေးတွေရှိခဲ့ရပြီး ၄င်းသေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်သေဆုံးခြင်း/တစ်ဦး တစ်ယောက်၏ပယောဂကြောင့်သေဆုံး ဟုတ်/မဟုတ်အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရှိရပါသည်။
မှတ်ချက်။ သေဆုံးသူ၏မိဘများသိရှိ မြင်တွေ့နိုင်စေရန်မျက်နှာဖုံးထားမရှိပါ။ ya34G.jpg ya6g4.jpg yak7M.jpg yavUf.jpgPhoto&News - Aung Zaw Min Tun
Via - Ye Lin Aung (MyMedia)

Myanmar Update News
Powered by Blogger.