ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်များကို ဓားဖြင့်ခုတ်သူကို ထောင်ဒဏ်ချမှတ်


ရန်ကုန်၊ စက်တင်ဘာ ၆

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ကို ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော ဦးဇော်လတ်နှင့် အပေါင်းအပါများကို သာကေတ မြို့နယ်တရားရုံးက ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်။

ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ကို ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော ဦးဇော်လတ်ကို ယနေ့ (စက်တင်ဘာ ၆ ရက်) မွန်းလွဲပိုင်းက သကေတမြို့နယ် တရားရုံး၌ ပြုလုပ်သော တရားခွင်တွင် အလုပ်နှင့်ထောင်ဒဏ် ခြောက်နှစ်ကိုးလ ချမှတ်ခဲ့ပြီး ကျန်အမျိုးသားနှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ခြောက်လစီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Source & Photos : The Voice

Powered by Blogger.