မောင်တော အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ပါဝင်
အကြမ်းဖက်အဖွဲ့မှာ ပါဝင်သူတွေ ကမ္ဘာကသိအောင် မြန်မာအစိုးရထုတ်ပြန်လိုက်ပါပြီ။
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ပါဝင်တယ်လို့ မြန်မာနိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
========================
အဲဒီသတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၁၄ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနေ ငါးခူရကျေးရွာမှာ ရောက်ရှိနေတဲ့ ပါကစ္စတန် နိုင်ငံသား ခါလစ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဇူဘိုင်၊ အစ္စလာမ် ဆိုသူတွေအပါအဝင် ၁၂ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံသား ခါလစ်ဟာ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်သင်တန်း တက်ရောက်ထားသူတစ်ဦးဖြစ်ပြီး မြန်မာ၊ ဘင်္ဂလီ၊ ရခိုင်၊ မလေး၊ ပါကစ္စတန်နဲ့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး လွန်ခဲ့တဲ့ ငါးလခန့်က မောင်တောဒေသကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ခါလစ်ဟာ မောင်တောဒေသခံ ဟာဗစ်တူဟာရ်နဲ့ အစွန်းရောက်လူငယ်တွေကို သေနတ်ပစ်သင်တန်းနဲ့ ကိုယ်ခံပညာသင်ကြားပေးကာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆောင်ရွက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
MCNTV
ZN.H