မြောင်းမြ ရှမ်းရေကျော်အထက်တန်းကျောင်းခွဲမှ ကျောင်းသူအချို့ မမြင်နိုင်သော ပုဂ္ဂိုလ်များ၏ ပူးကပ်မှု ခံနေရဟုဆို
မြောင်းမြမြို့၊ ရှမ်းရေကျော် အထက်တန်းကျောင်းခွဲ ၅တန်း၊ ၇တန်းနှင့် ၉တန်းကျောင်းသူများ မမြင်နိုင်သော ပုဂ္ဂိုလ်အချို့၏ ပူးကပ်ခြင်းခံရမှု ဖြစ်ပွားနေပြီး၊ ယခုအထိ ကျောင်းသူ၁၇ဦးအထိ ပူးကပ်ခံရကြောင်း ယင်းကျောင်းမှ သိရှိရသည်။
ရှမ်းရေကျော်ကျေးရွာ အထက်တန်းကျောင်းခွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး သွားရောက်ကြည့်ရှုလျက်ရှိသည်။