အဆိုတော်အောင်လနဲ့ ဖောက်ပြန်နေတဲ့ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ဝိုင်းစုခိုင်သိန်း
ဝိုင်းစုခိုင်သိန်း၏ လူမှုရေးအရှုပ်အရှင်း ကောလဟာလ များထွက်ပေါ်လာ
မကြာခင်မှာ 'ဂါ' အယ်လ်ဘမ်သစ် ထုတ်လုပ်တော့မယ့် ဝိုင်းစုခိုင်သိန်းဟာ အိမ်ထောင်ရေးဖောက်ပြန်နေတယ်ဆိုတဲ့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ သတင်းစကားများအရ ဝိုင်းစုခိုင်သိန်းဟာ အဆိုတော် အောင်လနဲ့ ဖောက်ပြန်နေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Julia M San လို့အမည်ရတဲ့ ( အောင်လ၏ ဇနီးဖြစ်နိုင်ဖွယ်ရှိ) တဲ့ အကောင့်ပိုင်ရှင်က သူမ၏ ဖေ့စဘုတ် စာမျင်နှာတွင် " ငါ့ကို most terrified person I ever known လာပြောချင်ရင် အဲဒီမိန်းမ ဘယ်လိုလူမျိုးလဲ အရင်စဉ်းစားလိုက်ဦး၊ ၈နှစ်နီးပါးတည်ဆောက်လာတဲ့ သံယောဇဉ်တခုကို ဘာမှမဟုတ်သလို သဘောထားနိုင်တဲ့သူ အလွယ်တကူဖျက်စီးခဲ့တာ ငါမဟုတ်ဘူး၊ အဆိုတော်မင်းသမီးမကလို့ ဘာကောင်ပဲဖြစ်ဖြစ် လင်ငုတ်တုတ်နဲ့ သူများယောက်ျားကို အရင်လာစနှိုက်၊ သူများတည်ဆောက်ထားတဲ့ ဘဝတခုကို လာဖျက်ဆီးတာမျိုး ဘယ်မိန်းမကောင်းမှ မလုပ်ဘူး၊ ငါနဲ့ သူ ဘယ်သူက ပို terrified ဖြစ်တယ် ထင်နေတာလဲ၊ ငါ့ယောက်ျားအပေါ်မှာ သစ္စာရှိရှိနေတယ်၊ ငါတတ်နိုင်တဲ့ဘက်က ကူတယ်၊ အဲဒါတခုထဲနဲ့တင် အဲလိုသစ္စာမရှိတဲ့ မိန်းမမျိုးထက် ငါ အဆများစွာသာတယ်၊ ငါ့ကို နစ်နာအောင် နာကျင်အောင် ထပ်ပြောရင် အဲဒီမိန်းမနာမည်တပ်ပြီးပါ ငါထပ်ပြောဦးမယ်" လို့ ရေးသားခဲ့ပါတယ်။

မိန်းကလေး ပရိသတ်တွေ အသဲစွဲကြိုက်တဲ့ ထွက်သမျှ သီချင်းတိုင်းပေါက်တဲ့ မကြာခင် တေးအယ်လ်ဘမ်အသစ် ထွက်ရှိတော့မယ့် ဝိုင်းစုခိုင်သိန်းရဲ့ ကောလဟာလတွေ သူမရဲ့ အိမ်ထောင်ရေးကို ထိခိုက်နိုင်မလား??
Source: Facebook

