မိန်းခလေးတွေ ညဘက် ဆံပင်ဖျန့်ပြီး သွားတာ လာတာ ဂရုစိုက်ကြပါ ဆံပင်ပေါ်မှာ ကပ်ပါလာတဲ့ သူရဲမ
*****-******-*****-*****-*****
"ဒေါက် ဒေါက်" အိမ်ရှေ့တံခါးမမှ တံခါးခေါက်
သံကြားလို့ သူရိန်တံခါးသွားဖွင့်ပေးလေသည်။
အသားညိုညို မုတ်ဆိတ်မွေးဖြူဖြူ ဆံပင်က
ဆုတ်ဖွား တောင်မွေ့တစ်ချောင်းနဲ့ ညာဘက်
ကညစ်ညမ်းနေသော လွယ်အိတ်တစ်အိပ်လွယ်
ထားသည်။သူရိန်က
"ဘယ်သူများလည်း"
"အဘက အထက်လမ်းဆရာတစ်ဦးပါ"
"ဘာကိစ္စများရှိလို့လည်း"
"အဘ မင်းတို့အိမ်ရှေ့က ဖြတ်သွားရင်း မင်းတို့
အိမ်ရှေ့မှာ မဲမဲအငွေ့တွေပျံနေတာ အဘတွေ့
တယ် အဲ့တာဟာ ပရလောကသားတွေရှိနေတဲ့
သဘောပဲ အဲ့တာကြောင့် အဘဝင်လာတာ အိမ်ထဲခနဝင်ကြည့်လို့ရမလား"
"ဟုတ်ရပါတယ် ဝင်ကြည့်ပါ"
သူရိန်က အထက်လမ်းဆရာဆိုသူကို အိမ်ထဲ
သို့ခေါဆောင်သွားလေသည်။ အိမ်ထဲရောက်
တော့ ဆရာဖြစ်သူက ဟိုကြည့်ဒီကြည့် ပါးစပ်
ကလည်းဂါထာတွေ တဖွဖွရွတ်နေသေးသည်။
ရီသံနှင့်အတူ အိမ်အပေါလှေကားထပ်မှ မိန်းမ
ပျိုတစ်ဦး နုနုရွရွလေးဆင်းလာသည်။ ခြေဒဂေါက်ကွေးလောက်ရှိသည့် နက်မှောင်
ဖြောင့်ဆင်းနေသော ဆံကေသာကို ဖြန့်ချထား
သည်။ မျက်ဝန်းများက ရွှန်းလဲ့တောက်ပနေ၍ ပါးချိုင့်လေးနှစ်ဖက်ကဘေးကို ခွက်ဝင်နေသည်
မြန်မာဆန်ဆန်လေးဝတ်စားထားတော့ ကြည့်ရ
တာ မျက်စီအေးလှပေသည်။ မကျေနပ်တဲ့ မဲ့ပြုံးပြုံးနေတဲ့ အပြုံးတစ်ချက်နဲ့အတူ လှေးကားပေါမှဆင်းလာသည်။
"အကို ဘာလို့သူတောင်းစားကို အိမ်ခေါထား
တာလည်း အိမ်ညစ်ပတ်တယ်"
"ဟာ နဒီ အဲ့တာ သူတောင်းစားမဟုတ်ပါဘူး
အထက်လမ်းဆရာလို့ပြောတယ်"
"နဒီမျက်ဝန်းတောက်တောက်မှ ဆရာကိုလှမ်း
ကြည့်လိုက်သည်။
သူရိန်က"တောင်းပန်ပါတယ် ဆရာ ကျွန်တော့်
မိန်းမကမသိလို့ပါ ခွှင့်လွှတ်ပါဆရာ"
"နဒီ မင်းနေမကောင်းလို့ အိပ်ရာထဲလဲနေတာ
ကြာပြီ ခုရုတ်တရက်ကြီး ကောင်းသွားပြီလား"
"ဟာ ကိုကလည်း ဒီလောက်ညစ်ပတ်နံစော်
နေတဲ့ စောက်သုံးမကျတဲ့လူကြီး အိမ်အောက်
မှာ ရောက်နေတာ ကျက်သရေ မရှိလို့ ဆင်းလာ
တာ ကို သူ့ကိုမြန်မြန်မောင်းထုတ်လိုက်စမ်းပါ နဒီ မျက်စီနောက်တယ် သူရှိရင် နဒီ အသက်တို
လိမ့်မယ် မြန်မြန်မောင်းထုပ်လိုက်ပါနော် ကို"
"နဒီကလည်း ဆရာကိုအဲ့လိုမပြောရဘူးလေ"
"ဟင့်အင် ဟင့်အင်မရဘူး သူ့ကိုမြန်မြန်မောင်း
ထုပ်လိုက် နဒီမကြိုက်ဘူး နောက်ဆို ဘာအစွမ်းအစမှမရှိတဲ့ပေါက်တက်ကရ လူတွေ
အိမ်ထဲပေးမဝင်ပါနဲ့" နဒီအသံက ဒေါသထွက်
တဲ့ အသံဖြစ်နေလေသည်။
ဆရာက လူလေး လူလေးမိန်းမဟာ သူအစစ်မ
ဟုတ်ဖူး လူလေး မိန်းမကိုထဲကို သရဲဝင်နေတ
ယ်"သူရိန်ကနားမလည်ဟန်ဖြင့်
"ဆရာဘာတွေပြောနေတာလည်း ကျွန်တော့်မိ
န်းမကလူပါဗျ အခုတလော နည်းနည်းကျန်မာ
ရေးမကောင်းပဲဖြစ်တာပါ ဆရာတစ်ခုခုမှားနေပြီ
ထင်တယ်နော်"
"မမှားဘူးလူလေး လူလေးမယုံရင် အဘဆေး
တစ်လုံးပေးမယ် လူလေးမိန်းမကိုတိုက်ကြည့် သူ့ရုပ်ပြောင်းသွားလိမ့်မယ် ရော ဆေးလုံး လူလေးတိုက်ကြည့်"
နဒီက"ကို ဒီအဖိုးကြီးရှုးနေတာပဲ သူပြောတာတွေ မယုံနဲ့ သရဲဝင်ပူးရအောင် နဒီ
ကအကောင်းကြီးရှိနေတာပဲ အရှုးအလုပ်တွေ မ
လုပ်ပါနဲ့ မြန်မြန်တာ မောင်းထုတ်လိုက်ပါ နဒီ စိတ်တိုလာပြီနော်"
"အေးပါနဒီရယ် ကိုပြောလိုက်ပါ့မယ် နဒီလည်း
သိပ်နေမကောင်းဘူးဆိုတော့ စိတ်လျှော့နော်"
ဆရာက"လူလေး အဘပြောတာယုံပါ လူလေး
မိန်းမ စီမှာရှိနေတဲ့ ဝိဉာဉ်က လူလေးမိန်းမဝိဉာ
ဉ်မဟုတ်ဖူးမယုံရင်အဘသက်သေပြမယ်"
ပြောပြောဆိုဆို ဆရာဖြစ်သူက လွယ်ထားတဲ့ အိတ်ထဲကနေ မန်းမှုတ်ထားတဲ့ ကြိုးအဖြူကို
ထုတ်ကာ နဒီလက်ကို အတင်းယူချည်ပြီး လည်ပင်းထိပါ အတင်းချည်လေသည်။ ဆရာ
မျက်လုံးထဲမှာတော့ နဒီမျက်လုံးမှ သွေးမျက်ရ
ည်ကျနေသော်လည်း သူရိန်မျက်ဝန်းထဲမှာ မျ
က်ရည်စများသာ နဒီကရုန်း ဆရာကအတင်းခ
ချည် အဲ့ချိန်နဒီနဲ့ ဆရာဖြစ်သူကပူးကပ်နေတဲ့အ
ချိန်ပေါ့ ရုတ်တရက်နဒီအကျီင်္ကျယ်သီးများပြုတ်
သွားပြီ နဒီအတွင်းသားပေါလုလုပေါ့နဒီကအော်
ဟစ်ျတာ့ ဆရာလည်းနောက်သို့သုံးလေးလမ်း
လောက် ဆုတ်သွားပြီး မျက်နှာ ကို ဆန့်ကျင်
ဘက်သို့လှည့်ထားလိုက်လေသည်။ နဒီကသူရိန်ကိုပြေးဖက်ပြီး
"က်ု ဒီလူ့လုပ်ပုံကိုကြည့်ပါအုန်း ဒီလူကနှာဘူး
ပဲ လူရှေ့သူရှေ့တောင် အဟင့်အဟင့် လူယုတ်
မာကြီး"
သူရိန်ဒေါသအိုးပေါက်ကွဲကာ ဆရာက်ု သုံးလေး
ချက်လောက်ပစ်ထိုးလေသည် ဆရာပါးစပ်မှ သွေးတစ်စက် ကြမ်းပြင်ပေါသို့ကျသွားလေသ
ည် ဤသည်ကို နဒီကကြည့်၍ပြုံးနေသော်လည်း
သူရိန်ကတော့ ဒေါသထွက်နေလို့မသိပါ။သူရိန်
ဆရာဖြစ်သူကို လက်ညိုးငေါက်ငေါက်ထိုး၍ ဆဲ
ဆိုက မောင်းထုတ်လေသည်။ သူရိန်ကိုတိုင် တံခါးဖွင့်ကာ ဆရာကို အကျီင်္ကဆွဲ တံခါးအပြင်
ဘက်သို့ဆွဲထုတ်လေသည်။ ဆရာ တံခါးအပြင်
ကနေ နဒီကို လှမ်းကြည့်တော့တခြားရုပ်ဖြစ်နေ
ကာကျေနပ်တဲ့ပုံစံကြီးနှင့် ပြုံးပြနေသည်။ သူရိန်
လည်းတံခါဆွဲပိတ်ပြီး ပြန်လှည့်တော့ ခုနဆရာမြင်သည့် ပုံစံမဟုတ်ပဲ ကြောက်လန့်
နေသည့်ပုံနှင့် ငိုပြနေသည်။ သူရိန်လည်း နှစ်သိမ့်အားပေးပြီး အိမ်ပေါထပ်သို့ပြန်ခေါသွား
ပြီးချော့မော့ကာ အနားယူခိုင်းယူခိုင်းလိုက်သည်
ညရောက်တော့ သူရိန်ဘေးကနေ ညီညူးသံ
ကြားလို့ ကြည့်လိုက်တော့ နဒီ ခါတိုင်းလိုပဲ အသားများကပုံမှန်ထက် ပိုဖြူနေကာ ချွေးစေး
များလည်း တစ်က်ုလုံးစိုရွဲနေပြန်သည်။ ပါးစပ်မှ
မလာနဲ့ မလာနဲ့ ဆိုပြီးမကြားတကြားတဖွဖွပြော
နေသေးသည်။သူရိန်လည်း နဒီကိုချွေးများသုတ်
ပေးပြီး ဆေးတိုက်ရန် မီးဖိုခန်းထဲဝင်လိုက်
တော့ မှောင်မှောင်ထဲ တကျွတ်ကျွတ်ဝါးစားနေ
သံကို သူရိန်ကြားသည်။သူရိန် မီးဖို မီးဖွင့်လိုက်
တော့ ဆံပင်ကဆုတ်ဖွားနှင့် ရေခဲသေတ္တာထဲမှ
ငါးများကို အစိမ်းလိုက်စားနေသည်။ သူရိန်အံ့
သြသွားသည် ခနကတင် နဒီတစ်ယောက် ကို
သူရိန်ချွေးသုတ်ပေးပြီး ဆင်းလာတာ နဒီကသူ့
ထက်အရင် မီးဖိုခန်းရောက်ပြီး ငါးစိမ်းတွေစား
နေတော့ သူရိန်လန့်သွားတာပေါ့ သူရိန် နဒီနား
ပြေးပြီး
"နဒီ ဘာလို့ ငါးအစိမ်းတွေစားနေတာလည်း မစားရဘူးလေ စားခြင်ရင် ပေါင်မုန့်ရှိတယ်လေ
ပေးပေးဒါတွေမစားရဘူးနော်"
သူရိန် ပန်းကန်ကိုဆွဲလုလိုက်တော့ နဒီက ပြန်
လုယူကာ
"မရဘူး ဒါပဲစားမယ် ဒါပဲကြိုက်တယ်" အသံက နဒီအသံမဟုတ်ပဲ တခြားမိန်းကလေးတစ် ယောက် အသလိုလိုံဖြစ်နေလေသည် ။ သိပ်
တော့မသဲကွဲ။သူရိန် ပန်းကန်ပြန်လုလိုက်တော့
နဒီက ဒေါသတော်တော်ဖြစ်သွားပြီးစားပွဲကိုလက်
နှင့်"ဗြန်း "ကနဲထရိုက်ပြီး မျက်လုံးများက နီရဲ
နေကာသူရိန်လက်ထဲကပန်းကန်လုပြီး ရီ
သံကြီးနှင့်အတူ သူရိန်ကိုတွန်းကာ အပြင်ဘက်
သို့ပြေးထွက်သွားလေသည်။ သူရိန်လိုက်မယ်
ရှိသေး မီးများက ချလတ်ချလတ် လာလ်ုက် မိတ်လိုက်ဖြစ်နေသည်။ သူရိန်အည့်ခန်းထဲသွား
ကြည့်တော့နဒီ မီးမိန်းကိုတင်လိုက်ချလိုက်လုပ်
လုပ်နေသည်။ သူရိန်နဒီနောက် ရောက်တော့
နဒီလှည့်ကြီးပြီး"အဟီးးဟီးးးးး"ရီသံနှင့်အတူအ
ပေါထပ်သို့ပြေးတက်သွားပြန်သည်။ "ခွမ်း"
မှန်ကွဲစများ အောက်ထပ်သို့ ကျလာပြီး အပေါထပ်မှ "ဝုန်း ဒိုင်း" ပစ္စည်းတွေပစ်ခွဲသံ
တွေကိုသူရိန်ကြားနေရသည်။ အသံတွေငြိမ်
သက်သွားတော့ သူရိန်အပေါထက်ပြေးတက်
ကာ အခန်းထဲဝင်လိုက်တော့ ဖန်ကွဲစကြီးကိုင်
ကာ လက်မောင်းတွေကို လိုက်ဖြတ်နေသည်
သူရိန်ပြေးပွေ့ပြီး လက်ထဲက မှန်ကွဲစကြီးဖယ်
ကာ"နဒီ သတိထားအုန်း နဒီဘာဖြစ်နေတာလဲ"
"အတ် အတ် အတ်"နဒီ ကိုကြီးကြွလားပြီး အောက်ပြန်ကြလာကာ နဒီပါးစပ်ကြီး ဟနေပြီး
သတိမေ့သွားပြန်သည်။ သူရိန်နဒီကို ပွေ့ကာ
အိပ်ပေါတင်လိုက်ပြီး ဖန်ကွဲစများကိုရှင်း ရေယူ
ကာ နဒီကိုဆေးတိုက်ပြီး သူရိန်လည်း ဝင်အိပ်
လိုက်တော့သည်။မနက်ရောက်တော့ နဒီကိုနှိုး
တာ နှိုးမရတော့ ချက်ချင်းဆရာဝန်ခေါ စမ်းသပ်
တော့ ဘာရောဂါမှမရှိကြောင်းဆရာဝန်ကပြော
လေသည်။ ဆရာဝန်နှင့်သူရိန်စကားပြောနေ
တုန်း နဒီမျက်လုံးတွေ ဖျတ်ခနဲပွင့်လာပြီး ဆရာ
ဝန်ဘက်လှည့်ကာ "ထွက်သွား ထွက်သွား "အော်ပြီး လည်ပင်းထညစ်လေသည်။ သူရိန်ကြားထဲကနေဝင်ဆွဲမှ လက်လွှတ်သွား
လေသည်။သူရိန်နဒီလက်ကိုကြည့်မိလိုက်တော့
မှ လက်သဲများအတော်အတန်အတန်ရှည်နေ
သည်ကို တွေ့သည်။ နဒီအရင်ကလက်သဲတစ်
ခါမှအရှည်ထားဖူးသူမဟုတ် ခုမှလက်သည်း
တော်တော်ရှည်နေသည်ကို သူရိန်သိသည်။
နဒီမျက်လူံးများက ဆရာဝန်ကို စိုက်ကြည့်နေ
သည်။ ဆရာဝန်လည်းလန့်တာမို့မြန်မြန်ပြန်သွား
တော့ နဒီလည်းချက်ချင်းဆိုသလိုပင် ပြန်အိပ်
သွားသည်။ သူရိန်ဘယ်လိုနှိုးနှိုးမနိုးတော့။ သူ
ရိန်လည်း အိမ်အောက်ထပ်ဆင်းလာပြီး အိမ်ကို
ကြည့်တော့ ပွစီတက်နေသည်။ အိမ်ပေါထပ်က
ဘုရားစင်ကြည့်တော့လည်း ပန်းများကခြောက်
သွေ့နေပြီး ဘုရားသောက်တော်ရည်လည်းမလဲ
ဘုရားဆွမ်းတော်လည်းမကပ် အရင်ကဆိုနဒီ
ကဘုရားတရားအရမ်းကိုင်းရှိုင်းတာ ဘုရားပန်း
နေ့တိုင်းလဲ ဘုရားဆွမ်းတော်ကပ် ဘုရားရှစ်ခိုး
အိမ်မှုကိစ္စဆို တစ်ချက်ဟာကွက်မရှိ အကုန်
ဘိုင်းကောင်းကြောင်းဖိလုပ်တက် ကိုင်တက်
သည်။ အခုဆို အရာရာဆန့်ကျင်ဘက်အနေအ
ထားဖြစ်နေသည်။
"ဒေါလေး ဘာလို့ရွာပြန်မှာလည်း အိမ်မှာလည်း
အဆင်ပြေနေတာကို တစ်ခုခုဖြစ်လို့လား"
"မ....မ မဟုတ်ပါဘူး မောင်သူရိန် ရွာကအမေ
နေမကောင်းလို့ပါ "
"ဒါဆိုလည်းမတက်နိုင်ဘူးပေါ့ဗျာ ဒေါလေးအမေ နေကောင်းရင် ပြန်လာခဲ့ပေါ့
ဒေါလေူအတွက် တံခါူအမြဲဖွင့်ထားပါတယ်"
"ကျေးဇူးပဲ မောင်သူရိန် အဒေါတစ်ခုတော့ သတိပေးပါရစေ နဒီကိုသတိထားပါ အန္တရယ်
များတယ် ဘုရားတရားမမေ့ပါနဲ့ ကံကောင်းပါ
စေ ဒေါလေးအဲတာပဲတက်နိုင်တယ်"
အိမ်အကူ ဒေါစုရဲ့ စကားကိုသူရိန်နားမလည်
"သူ့ရိန်အနောက်မှ အသံထွက်ပေါလာသည်။
မသွားသေးဘူးလားဒေါစု ကြည့်လိုက်တော့နဒီ
ဒေါလေး ကြောက်ကြောက်လန့်လန့်နဲ့ ဘာမှ မ
ပြောနိုင်ဘဲမြန်မြန်ဆန်ဆန်ထွက်သွားလေသည်
"နဒီ ဒေါလေးသွားမှာ နဒီသိနေတာလား"
"ဟုတယ် သူမနေ့ကပြောထားတာ "
"နဒီခွင့်ပြုပေးလိုက်တာ သွားပါစေ သူ့အတွက်
အန္တရယ်ကင်းတာပေါ့"
"ဘာပြောတာလည်းနဒီ"
"သြ ဘာမှမဟုတ်ပါဘူး ထမင်းသွားစားရအောင်"
သူရိန်ဒေါဆုပြောသည်ကို ပြန်အမှတ်ရနေသည်
ထိုညလည်း နဒီဖြစ်ပြန်သည် ကြက်သား
အစိမ်းကိုစားနေပြန်သည်။ ပြီးတော့ အဲ့ညကလို
ပဲ နဒီပစ္စည်းတွေခွဲပြီးမေ့သွားပြန်သည်။ နောက်
နေ့တော့ စိတ်ကျန်းမာရေး ဆရာဝန်ခေါနဒီကိုပြ
တော့ ဆရာဝန်က စိတ်ကယောင်ခြောက်ခြား
ဖြစ်တာဆိုပြီး ဆေးရုံတင်ခိုင်းလေသည်။ သူရိန်
လည်းဆရာဝန်ပြောတဲ့အတိုင်း ဆေးရုံတင်လိုက် တာပေါ့ ဒါပေမဲ့ဆေးရုံမှာတစ်
ညတောင်မကြာဘူး သူရိန်တောင်မသိဘဲ ညကြီးနဒီအိမ်ပြန်ရောက် နေပြန်သည်။
"ဟင် နဒီ ဆေးရုံကနေဘယ်လို ပြန်ရောက်
နေတာလည်း "
နဒီ ဘာမှမပြောပဲ အိမ်ပေါတက်သွားလေ
သည်။
သူရိန်လည်းနောက်ကနေ လိုက်သွားပြီး အခန်း
တံခါးဆွဲဖွင့်ပြီး ရုတ်တရက်မှန်ထဲလှမ်းကြည့်လို
က်တော့ နဒီမဟုတ်ပဲ တခြားမိန်းကလေးတစ်
ယောက် မှန်ရှေ့မှာထိုင်နေကာ ခေါင်းဖီးနေလေသည်။ သူရိန်လည်း"နဒီ"
နဒီ သူရိန်ဘက်မျက်နှာလည့်လာတော့ တစ်ဖက်ကနဒီမျက်နှာ ကျန်တစ်ဖက်က အသားစများလန်နေပြီး စုတ်ပြတ်သက်နေ
သည်။
"အာားးးးးးးးး"
သူရိန်အသံကုန်အော်ကာ အောက်ထပ်သို့
ပြေးဆင်းတော့ ခြေချော်ကျကာ လှေကား
စောင်းနှင့်ရိုက်မိပြီး နဖူးမှသွေးနည်းနည်းထွက်
လာပြီးသူရိန်ကုန်းရုန်းထကာ အပေါထပ်လှမ်း
ကြည့်လိုက်တော့ အပေါထပ်မှ ဆံပင်းအထွေး
များတလိမ့်လိမ့် သူရိန်ဆီသို့ ကျလာနေသည်။
သူရိန်လည်း ခြံအပြင်ဘက်သို့ ခြေလှမ်းလှမ်း
ကာ နောက်သို့လှည့်မကြည့်ပဲ ရှေ့သို့ တန်းပြေးလေသည်။
"ဒေါက်ဒေါက်"တံခါးခေါက်သံကြောင့်စူးရှ တံခါးလာဖွင့်ပေးလေသည်။
"ဟာ သူရိန်မင်းဘယ်လိုရောက်လာတာလည်း"
"ညကြီးမိုးချုပ် မင်းပုံစံကတစ်ခုခု ဖြစ်လာသလို
ပဲ ခေါင်းမှာလည်း သွေးတွေနဲ့ မင်းမင်းဘာဖြစ်
လာတာလည်း လာလာ အိမ်ထဲဝင်ကွာ မင်း
ဘာဖြစ်လာတာလည်းငါ့ကိုပြော ငါကူညီပေးမယ်"
"သူရိန် ရှုံးပွဲချ ငိုကြွေးလိုက်ပြီး သူ့မိန်းမနဒီဖြစ်ပုံက်ုပြောပြ
လုက်တော့ စူးရှအံ့သြမင်သက်သွားပြီး ခနငိုင်နေလိုက်
သည်"
ခနကြာတော့"သူရိန်ငါသိတဲ့ အထက်လမ်းဆရာ တစ်ဦးရှိ
တယ်သူ ကတော်တော်စွမ်းတယ် မင်းမိန်းမကိုကပ်နေတဲ့
ပရလောကသားတွေကိုသူနိုင်တယ် ငါမနက်ခေါပေးမယ်"
"ကျေးဇူးပဲ စူးရှရာ "
မနက်ရောက်တော့ စူးရှက သူရိန်ကို ကျောင်းကြီးတစ်ကျောင်း
ခေါသွားတယ် ကျောင်းဝန်းကသန့်သန့်ရှင်းရှင်းလေးပါပဲ
စူးရှ သူရိန်ကိုခေါပြီးကျောင်းပေါတက်သွားတော့ တံခါးကသူ့
အလိုလိုပွင့်သွားပီးအထဲမှာ တရားထိုင်နေတဲ့ ဆရာတစ်ဦး
"လာကြ လာကြ မင်းတို့လာမှာကိုငါသိနေတယ် "
သူရိန်ကြည့်လိုက်တော့ သူ့အိမ်ကိုလာသွားတဲ့ဆရာ ပဲ
သူမောင်းထုတ်ခဲ့တဲ့ဆရာ သူရိန်ဆရာ့ရှေ့ဒူးထောက်လိုက်
ပြီး ငိုကာ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပြီး နဒီကိုကယ်ဖို့တောင်း
ပန်ရှာလေသည်။ ဆရာက ခွှင့်လွှတ်ပေးပါတယ်။
သူရိန်က ဆရာ့ကိုမေးလိုက်သည်။
ဆရာ နဒီနဲ့ကျွန်တော်က ဘာရန်ညိုးမှ မရှိဘဲ ဘာလို့ ဒီသရဲမ
ကကျွန်တော့်မိန်းမကိုထဲဝင်နေရတာလည်းဆရာ"
"အကြောင်းရှိလို့အကျိုးဖြစ်တာပါ လူလး"
"လူလေး လူပျိုတုန်းက လူလေးကိုတစ်ဖက်သက်ကြိုက်ခဲ့တဲ့
မိန်းကလေးရှိခဲ့တယ်မလား လူလေးက သူ့အချစ်ကိုတန်ဖိုးမ
ထားပဲ နဒီနဲ့လက်ထပ်ခဲ့တယ်လေ လူလေးတို့လက်မထပ်ခင်
ကတည်းက သူအမျိုးမျိုးဖြတ်ခဲ့ပေမဲ့ လူလေးတို့ လက်ထက်ဖြစ်
ခဲ့ကြတယ်လေ သူ့အတ္တသူစူးတာပေါ့လူးလေး အဲ့နေ့က သူ
လူလေးတို့အိမ်လာပြီး နဒီကိုသတ်မယ်ကြံရွယ်ထားတာပေါ့
သူကားလမ်းဖြတ်ကူးတဲ့ချိန် ကားတိုက်ခဲ့တာ သူဝိဉာဉ်ဖြစ်
နေတာတောင် နဒီကိုသတ်ဖို့ အမျိုးမျိုးကြံစည်နေပေမဲ့ အလ
ကားပဲလေ အဲ့နေ့ညသူအခွင့်အရေးရသွားတာက လူလေးမိန်း
မနဲ့လူလေး ညလမ်းလျှောက်ထွက်တော့ လူလေးမိန်းမက ဆံ
ပင်အရှည်ကြီးကိုဖြန့်ချသွားတော့ သူအခွင့်အရေးရသွားပြီး
ဆံပင်မှာ ဝင်ကပ်နေတာပဲ လူလေးအမြန်ရောက်လာတာ ကံ
ကောင်းပါတယ် လူလေးမိန်းမကိုကယ်ဖို့အချိန်မှီသေးတယ်"
သူရိန်သိလိုက်ပြီ နဒီမှာကပ်နေတဲ့ ဝိဉာဉ်ဟာ "ချယ်ရီ"
"ဆရာ ကျွန်တော့်မိန်းမကိုကယ်ပေးပါ"
"ဒီနေ့ည သွားကြတာပေါ့ လူလေး"
သူရိန်၊ စူးရှ နှင့်ဆရာ အဲ့နေ့ည ၈နာရီလောက်ကြီး သူရိန်အိမ်
ထဲကို ဝင်လာကြသည်။ သူရိန်တို့ဝင်ပြီးသည်နှင့် ခြံတံခါးကြီး
ပြန်ပိတ်သွားလေသည်။
သူရိန်တို့ အိမ်မကြီးထဲ ဝင်လိုက်တော့ နဒီ အောက်ထပ်မှာ
ထိုင်နေလေသည်။သူ့ဆံပင်အနက်ကြီးကိုတော့ဖြန့်ချထား
လျက် ။ ဆရာနှင့် နဒီစကားပြောပြီးယတိုက်ကြလေသည်။
နဒီက ဆရာကိုထိုင်ခုံတွေနဲ့ပစ်ပေါက် လက်ထဲမှဓားမြှောင်
နှင့်ဆရာပေါင်ကိုထိုးမိသွားလေသည်။ ဆရာက သူရိန်နဲ
စူးရှကိုအချက်ပြလိုက်တော့ သူရိန်က နဒီကို လက်နောက်ပစ်
ချုပ်ထားလိုက်ပြီး စူးရှက ကပ်ကြေးနှင့် ဂုတ်ကနေစပြီး ဆံပင်
ရှည်ကြီးကိုမိမိရရ တစ်ခါတည်းဖြတ်ချပစ်လိုက်လေသည်။
"အားးးးးးးး"ူးရှတဲ့အသံနက်ကြီးနှင့်အတူ နဒီမေ့လဲ
သွားလေသည်။ စူးရှလည်းမြန်မြန်ဆန်ဆနပဲ ဆံပင်ကြီးကို
အသင့်ယူလာတဲ့ ဓာတ်ဆီထုတ်ပြီး ဖြန်းကာမီးရှို့လိုက်တော့
ပိတ်ထားတဲ့တံခါးမကြီး ပွင့်ပြီး ခြံတံခါးကြီးလည်းသူ့သူပွင့်ပြီး
ခြံအပြင်သို့ အရိပ်မဲကြီးပြေးထွက်သွားသည်ကို သူရိန်တို့မြင်
လိုက်ရသည်။ နာရီဝက်လောက်ကြာတော့ နဒီပြန်သတိရလာ
ပြီး သူ့ခေါင်းကိုင်ကြည့်လိုက်တော့ ဆံပက်ကဂုတ်ဝဲလေးဖြစ်
နေတော့ သူရိန်ကိုမေးတာ့သူရိန်ကဖြစ်ကြောင်းကုန်စင်ပြော
ပြလိုက်လေတော့သည်။ နဒီလည်း ထိန့်လန့်ကြောက်ရွတ်
ကာ အဲ့ကစပြီးဆံပင်အရှည်ကြီးမထားတော့ဘူးပေါ့။ ဆရာက
နဒီနဲ့ သူရိန်ကို အဆောင်လက်ဖွဲ့ကြိုးပေးပြီးပြန်လည်ထွက်ခွာ
သွားခဲ့လေသည်။
(ဖြစ်ရပ်မှန်ကိုဇာတ်လမ်းနည်းနည်းလွဲပြီးရေးသားထားခြင်းပါ
ညမိုးချုပ်ဆို ဆံပင်ရှည်သူများ ဖြန့်ချပြီး အပြင်မထွက်ပါနဲ့
အခန့်မသင့်ရင် ကပ်လာနိုင်ပါတယ် ကျေးဇူးတင်ပါတယ်
စာအမှားပါရင်ခွှင့်လွှတ်ပါနော်)