ရွှေတိဂုံ ဘုရားကို ခိုးဝင် ဘင်္ဂလီများ ဖောက်ခွဲမည် ဟု ခြိမ်းခြောက် ဝါဒဖြန့်
ရွှေတိဂုံဘုရားဟာ ဗုဒ္ဓဘာသာဝင်တိုင်း အထွတ်အမြတ်ထားတဲ့ စေတိတော် တစ်ခုဖြစ်တဲ့အပြင် မြန်မာနိုင်ငံ အတွက်လည်း ရတနာ တစ်ပါးဖြစ်ပါတယ်။ ရွှေတိဂုံဘုရားကို ခိုးဝင် ဘင်္ဂလီများ ဖောက်ခွဲမည်ဟု ဆိုကာ ခြိမ်းခြောက်ဝါဒဖြန့်သည့် ဗီဒီယိုကို Youtube မှာတင်ထားတယ်ဆိုပြီးပြောထားတဲ့ ပိုစ်တွေ့သောအခါ....
အရှင် ဓမ္မသီရိ အမည်ရှိသော အကောင့် ပိုင်ရှင်ဟာ ခိုးဝင်သော ဘင်္ဂလီအချို့ ရွှေတိဂုံ ဘုရားကို ဖောက်ခွဲဖျက်စီးမည်ဟု Youtube မှာ ခြိမ်းခြောက်ဝါဒဖြန့်နေသည် ဆိုတဲ့ စာသားနှင့် အတူ ရွှေတိဂုံဘုရားကို ဒုံးကျည် ပစ်ချကာ ပေါက်ကွဲထားသည့် ဗီဒီယိုကို တင်ခဲ့ပါတယ်။

ထိုကိစ္စသာ အမှန်တကယ်ဖြစ်မယ်ဆိုရင်တော့ တကယ့်ကို စိုးရိမ်ဖွယ်ရာဖြစ်တဲ့ အပြင် တကယ်သာဖြစ်ခဲ့ပါက တစ်မျိုးသားလုံး ကြေကွဲရမည့်ကိစ္စလည်းဖြစ်ပေသည်။ သို့သော်လည်း ယခုနောက်ပိုင်းမှာ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်လို့ လူမှုကွန်ရက်ကို အသုံးချကာ အဘက်ဘက်မှ နှိုးဆော်နေကြသည်လဲဖြစ်တဲ့ အတွက် ဆင်ခြင်နိုင်ကြစေရန် သတိပေးလိုက်ပါသည်။





ប្រភព ៖ မူရင်းဗီဒီယိုကြည့်ရန် ဒီကို နှိပ်ပါ။
မြန်မာလုပ်
MMBREAKINGNEWS