တော်ရုံလူ မလုပ်နိုင်တဲ့အလုပ်ကို မည်သူတဦးတယောက်မျှမခိုင်ဘဲ မိမိရဲ့စေတနာမတ္တာနဲ့ လုပ်နိုင်တာ ကိုက လေးစားစရာ

ကျွန်မအကူအညီတခုတောင်းချင်ပါတယ်ရှင်...

ကျွန်မတို့ ရိပ်သာက ဘယ်သူမှ မကြည့်ရှုမစောင့်ရှောက်ချင်ကြတဲ့ စွန့်ပစ်ခံ ဂီလာနတွေကို ခေါ်တာပါ...အားလုံးက ကိုယ့်ခန္ဓာဝန်ကိုယ်မနိုင်တော့တဲ့ ရောဂါသည်တွေကြီးပါဘဲ...ဘဝနေဝင်ချိန် အေးချမ်းပါစေတော့ဆိုခေါ်ထားတဲ့အတွက် ကျွန်မတို့ အဓိကဖြေရှင်းနေရတာ ကျန်းမာရေးပြသနာပါဘဲရှင်...အရမ်းကို ခက်ခဲလွန်းလှပါတယ်....

ကျွန်မတို့ဆီကို အားတဲ့အချိန် လာကြည့်ပေးတဲ့ ဆရာမလေးတယောက်နဲ့ ပင့်တဲ့အခါ အမြဲလာပေးတဲ့ ဆရာဝန်မလေးတယောက်တော့ရှိပါတော့...ဒါပေမဲ့ ပုံမှန် လာပြီး ကြည့်ပေးမဲ့သူတော့မရှိပါဘူးရှင်...မကျန်းမာတဲ့အခါ ကားလဲမရှိတော့ ဆိုက်ကားပေါ် အောက်ဆီဂျင်အိုးတွေတင်ကာ ဆေးခန်းသွားကြရပါတယ်....မထနိုင်တဲ့သူတွေများကျတော့ ကြည့်ပေးမဲ့သူက အချိန်မှီမရှိပါဘူး...ဆရာမလာမှသာပြကြရပါတယ်...ဆေးတွေတော့ပုံမှန်တိုက်ပေမဲ့ သူတို့ဘာဖြစ်နေမှန်းမသိတဲ့အခါ ဆရာမနဲ့ပြတဲ့အချိန်မှာ ဆေးရုံတင်ရမဲ့အခြေအနေရောက်နေပါပြီ...တယောက်ပြီးတယောက် ဆေးရုံတင်ရလို့ ဆေးရုံကလဲ ခိုလှုံရာဆို...ညင်တောင်နေလောက်ပါပြီရှင်....

ကျွန်မတို့ ဂရုစိုက်ပါတယ်...ကျန်းမာရေးလဲ ဖြည့်ဆည်းပေးခဲ့ပေမဲ့...စခေါ်ထဲက ရောဂါကြီးတွေဆိုတော့ ဆေးရုံဆိုတာ တက်လိုက်ဆင်းလိုက်ပါ...ဆေးရုံတက်တဲ့အခါလဲ စောင့်မယ့်သူမရှိတဲ့ ပြသနာကိုဖြေရှင်းရပြန်ပါတယ်..ပိုက်ဆံပေးပေမဲ့ ဘဝတွေကြမ်းခဲ့တဲ့ အဘိုးအဖွားတွေရဲ့ မူလစ၇ိုက်တွေနဲ့ဆိုတော့ စောင့်မဲ့သူပင်ရှာရခက်ပြန်ပါတယ်.....

ဒါကြောင့်ကျွန်မတခုလောက်တောင်းဆိုပါရစေရှင်...ကျန်းမာရေး တတ်သိနားလည်သော ဆရာမများ၊ ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများမှာ ကျွန်မတို့ရိပ်သာလေးကို ပစ်မထားဘဲ...မေတ္တာရှေ့ထား၍ တပါတ်တခါဖြစ်စေ...အားတဲ့အချိန်လေးတွေဖြစ်စေ...လာရောက်ကြည့်ရှုပေးခြင်းဖြင့် အဘိုးအဖွားတွေရဲ့ အသက်ကို ဆက်ပေးကြဖို့ ကျွန်မ ဒေါ်သင်းရွှေစင်လှိုင်မှ မေတ္တာရပ်ခံတောင်းဆိုပါရစေရှင်...

ကိုယ်တိုင်မကူညီနိုင်သေးရင်လဲ Like and share လေးနဲ့ ကူညီနိုင်သူများသိစေခြင်းဖြင့် ကုသိုလ်ပါဝင်ပေးကြပါအုံးရှင်...

ခိုလှုံရာ ပရဟိတ

ဒေါ်သင်းရွှေစင်လှိုင်

၀၉၇၉၅၉၂၉၈၄၉၊၀၉၇၉၆၆၃၃၃၆၈ ဟူ၍ လူမှုကွန်ယက်ပေါ်၌ သူမ၏ အကောင့်တွင် တင်ထားပါသည်။

AML

MMBREAKINGNEWS

Powered by Blogger.