မုဒိမ်းမှုကျူးလွန်သည့် မြန်မာတဦးကို အမေရိကန်ရဲ အလိုရှိနေ

အမေရိကန်ပြည်ထောင်စု ဘတ်ဖဲလိုးမြို့ ရဲတပ်ဖွဲ့က မုဒိမ်းမှုနဲ့ အလိုရှိနေတဲ့  မြန်မာ အမျိုးသားတဦးရှိတဲ့နေရာကို ရှာဖွေပေးကြဖို့ အများပြည်သူတွေထံ အကူအညီတောင်းခံ လိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ်၊ အရပ် ၅ပေ ၈ လက်မ နဲ့ ကိုယ်အလေးချိန် ၁၅၅ ပေါင်ရှိတဲ့ ကိုရန်စိုးဆိုသူကို အမေရိကန်ရဲတပ်ဖွဲ့က ရှာဖွေနေတာဖြစ်ပါတယ်။

သူ့ကို လိင်ပိုင်းဆိုင်ရာ အမြင့်ဆုံးရာဇ၀တ်မှုဖြစ်တဲ့ မုဒိမ်းမှုနဲ့ အသက် ၁၇ နှစ်အောက် ကလေးငယ်တဦးကို ထိခိုက်နာကျင်စေအောင်ပြုမူခဲ့မှုတွေအတွက် အလိုရှိနေတာဖြစ်ပါတယ်။

သူဘယ်နေရာမှာရှိနေလဲဆိုတာ သိရှိသူတွေအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဟော့လိုင်းနံပတ် ၉၁၁ ကို ဆက်သွယ်သတင်းပေးကြဖို့ ကြေညာထားပါတယ်။

DVB TV News

Powered by Blogger.