အာဏာသိမ်းမှုဖြစ်ပွားနေသော တူရကီနိုင်ငံတွင် တည်ငြိမ်မှုရှိရန် ကမ္ဘာ့ခေါင်းဆောင်များ တိုက်တွန်း


***************************************
အန်ကာရာ ဇူလိုင် ၁၆

နေတိုးအဖွဲ့ဝင်ဖြစ်သည့် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး သမ္မတ ရီဆက် တေရစ် အာဒိုဂန်၏ အမိန့်အာဏာကို ဆန့်ကျင်ကာ စစ်တပ်က မြို့တော်တစ်ဝိုက် ကင်းလှည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ နေတိုးနှင့် ဥရောပသမဂ္ဂက တည်ငြိမ်မှုရှိကြရန် တောင်းဆိုလိုက်ပြီး အမေရိကန်သမ္မတဘားရက်အိုဘားမားက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက် ထား သော အစိုးရကို တူရကီနိုင်ငံရှိ အဖွဲ့များအားလုံးက ထောက်ခံပေးကြ ရန် ပြောဆိုလိုက် သည်။ 

သမ္မတအိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ကြား ဖုန်းခေါ်ဆိုမှုတွင် တူရကီနိုင် ငံရှိ အဖွဲ့များ အားလုံး သည်းခံနိုင်မှုကို ပြသပြီး သွေးစွန်းမည့် ဆူပူမှုများကို ရှောင်ရှားခြင်းဖြင့် တူရကီနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသော အစိုးရကို ထောက်ခံပေး သင့်ကြောင်း နှစ်ဘက် စလုံးမှ သဘောတူလက်ခံခဲ့ကြသည်ဟု ဆိုသည်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း စစ်တပ်က အာဏာသိမ်းရန် ကြိုးစားနေစဉ် အရပ်သားအုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းထားရန် တောင်း ဆိုလိုက်သည်။ 

နောက်ဆုံးရ ရှိထားသည့် သတင်းများ အရ အစ္စတန် ဘူလ် နှင့် အန်ကာရာ မြို့တို့တွင် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် လူ ၄၂ ဦး သေဆုံးခဲ့ရကြောင်းသိရသည်။ 

လက်ရှိအချိန်တွင် အစ္စတန်ဘူလ် နှင့် အန်ကာရာ မြို့ကို မည်သူက ထိန်းချုပ်ထားသည်ကို မသိရှိရသေးပေ ။ 

လွန်ခဲ့သောည အစောပိုင်း က တူရကီ စစ်သားများက ၀ိုင်းရံထားမှုကြောင့် ယာယီ ရပ်ဆိုင်းခဲ့ရေသော အစ္စတန် ဘူလ် ရှိ အတက်ခ် လေဆိပ် ကို ပြန်လည် ဖွင့်လှစ်လိုက်ပြီး မီဒီယာ များလည်း ရုပ်သံလွှင့်လုပ်ငန်းများကိုဆက်လက်ဆောင်ရွက် နေကြကြောင်းသိရသည်။

Ref:CNA , CNN
Powered by Blogger.