စိန်ဆိုင်ကြော်ငြာရိုက်ကူးရန်အတွက် ဗီယက်နမ်မင်းသမီးမြန်မာနိုင်ငံ သို့ တတိယအကြိမ်လာရောက်မည်
ရန်ကုန်၊ ဇူလိုင် ၁၆-
စိန်ဆိုင်ကြော်ငြာရိုက်ကူးရန်အတွက် ဗီယက် နမ်မင်းသမီးငုယင်ထရန်ဟုရန်မေသည် မြန်မာနိုင်ငံသို့ တတိယအ ကြိမ်လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၂ ရက်တွင်လာရောက်ကာ အနုပညာလုပ်ငန်းများကိုလုပ် ဆောင်မည်ဖြစ်ပြီး ဇူလိုင် ၂၄ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက် ခွာမည်ဖြစ်ကြောင်း သိရသည်။
''အခုတစ်ခေါက်လာတာကတော့ ဗီယက်နမ်မင်းသမီးက မြန်မာ နိုင်ငံကို တတိယအကြိမ်လာရောက်တာပါ။ အခုလာတာကတော့ အနု ပညာအလုပ်တွေလုပ်သွားဖို့ပေါ့နော်။ ကြော်ငြာတွေရိုက်ကူးဖို့အတွက် ကျတော့ ကျွန်တော်တို့ Myanmar Media 7 ကနေပြီးတော့ပဲ တာဝန် ယူပြီးတော့ချိတ်ဆက်ပေးထားတာပါ'' ဟု Myanmar Media 7 မှ ဥက္ကဋ္ဌဦးဝေမင်းမောင်က ဇူလိုင် ၁၅ ရက်တွင် ပြောသည်။
ဗီယက်နမ်မင်းသမီးသည် မြန်မာနိုင်ငံသို့ ၂ဝ၁၅ခုနှစ် နှစ်ကုန် ပိုင်းတွင် တစ်ကြိမ်လာရောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်ဇွန်လထဲတွင် ဒုတိယ အကြိမ်လာရောက်ခဲ့ကာ ယခုအခါတွင် တတိယအကြိမ်အဖြစ် လာ ရောက်မည်ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် Myanmar Media 7 မှ ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေနှင့် မြန်မာနိုင်ငံတွင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်မင်းသမီး ငုရင်ထရန် ဟုရန်မေနှင့် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ် ဆောင် အကယ်ဒမီနေတိုး၊ သရုပ်ဆောင် ထွန်းထွန်းနှင့် သရုပ်ဆောင်ခင်ဝင့်ဝါ တို့ပါဝင်မည့် ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်မှစတင်ကာ တစ်လကြာ ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသားနေတိုးနှင့် ဗီယက်နမ် မင်းသမီးတို့ အဓိကပါဝင်ရိုက်ကူး မည့်ရုပ်ရှင်ဇာတ်ကားမှာ အချစ် ရိုမန့်တစ်ဇာတ်ကားဖြစ်ပြီး ဇာတ်ညွှန်းသည် ခေတ်နေ မှ ရေးသားပေးထားပြီး ဒါရိုက်တာသြရသမှ ရိုက် ကူးပုံဖော်မည်ဖြစ်ကြောင်း သိရသည်။
NN #DemocracyToday
YMG