၁၀၇ ယာဉ်လိုင်းအချို့ ယာဉ်လမ်းကြောင်းပြောင်း စည်းကမ်းမဲ့မောင်းနှင်



****************************
ရန်ကုန်၊ ဇူလိုင် ၃၀-၁၀၇ ယာဉ်လိုင်း အချို့ ယာဉ်လမ်းကြောင်းပြောင်း ကာ စည်းကမ်းမဲ့မောင်းနှင်မှုများ ပြု လုပ်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက် ညနေပိုင်းက တက္ကသိုလ်ရိပ်သာလမ်း အတိုင်း မောင်းနှင်ရ သည့် ၁၀၇ ယာဉ်လိုင်း နှစ်စီးသည် လမ်းကြောင်းပြောင်း ကာ ရွှေတောင် ကြား လမ်းအတွင်းမှ ဖြတ်သန်းမောင်းနှင်ပြီး ကမ္ဘာအေး ဘုရားလမ်းပေါ် ပုလဲကွန်ဒိုအနီးပြန် ၀ိုက်ကာ မောင်းနှင်မှုကြောင့် ယာဉ် ကြောပိတ်ဆို့ မှုဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူတစ်ဦးက သတင်းပေးပို့ခဲ့ သည်။ 

"၁၀၇ နှစ်စီးက ပြိုင်မောင်းလာ ပြီး ရွှေတောင်ကြားကထွက်လာပြီး ကမ္ဘာအေး ဘုရား လမ်းပေါ်မှာ ဂငယ် ကွေ့ပြန်ကွေ့မောင်းတာ။ ယာဉ်ကြော တွေ ပိတ် ဆို့ကုန်တယ်။ ပုလဲကွန်ဒို ဘေးမှာလည်း ကားတွေရပ် ထား တာ ဆိုတော့ ယာဉ်တိုက်မိမလိုဖြစ်သွား တယ်။ တစ်လော ကလည်း စည်းကမ်း မဲ့မောင်းလို့ ရပ်ထားတဲ့ကားရှစ် စီးဝင် တိုက်တာဖြစ်ခဲ့သေးတယ်။ ဒီလို စည်းကမ်း မဲ့မောင်းနှင် မှုတွေကို ထိ ထိရောက်ရောက် အရေးယူသင့်ပါ တယ်" ဟု မျက်မြင်တွေ့ကြုံခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ၁၀၇ ယာဉ်လိုင်းများ သည် အလုံမြို့နယ်မှ တောင်ဥက္က လာပမြို့နယ် အထိ ပြေးဆွဲနေသော ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

#Democracytoday
Powered by Blogger.