မင်္ဂလာဈေးမှ သမီးပျိုများ ထိန်းသိမ်းပေးကြပါဦး


```````````````````````````´´´´´´´´´´´´´´´´´´´´´´´´´´
တစ်ပါတ်ကို တစ်ကြိမ်ကျ မင်္ဂလာဈေးမှာ ယာဉ်စစ်ဆေးခြင်း အလှည့်ကျ တာဝန်ယူရပါတယ်

ကျမယ့်ရက် ကြိုတင်သိရတော့ စောစောသွား ပြဿနာသိပ်မရှိလှ ဒါတောင် ခါတလေ အစ်ကို JJ လား MZ လား CV 5/6/7 လား ရွှေမြို့တော်လား အမေးခံရသေးတာ

မနေ့ညကတော့ ဆယ့်တစ်နာရီ ထိုးခါနီးမှ ဖုန်းဆက်ပြောလာတော့ ပြေးရပြန်တာပေါ့

မီးပွိုင့်ကနေ မင်္ဂလာဈေးပေါက်မရောက်မီ ' အစ်ကို ဆယ်နှစ်စွန်းစွန်းလေးရှိတယ်နော် ' တဲ့

ရင်ထဲ အတော်ထိတ်သွားမိတာတော့အမှန် (ကျွန်တော်ကလည်း ဘောင်းဘီတိုနဲ့ကိုး) ဒီအသက်အရွယ်လေးတွေ ဒီအလုပ် လုပ်နေကြပါပေါ့လား

မင်္ဂလာမွန်လှေခါးမှာလည်း မိန်းကလေးတစ်ယောက် အမူးလွန်ပီး အိပ်ပျော်နေလေရဲ့ ဆယ်နှစ်ကျော်ယုံ ကလေးမလေးများကလည်း ဘောင်းဘီတို(ပေါင်အရင်း) 

မြင်မြင်ရသမျှ မင်္ဂလာဈေးဝင်းထဲမှ အနိဌာရုံများပါ

Credit Ye Nauing Thein
Powered by Blogger.