အမြောက်ကျည်ဆန်အဟောင်းများတွေ့ရှိ
နေပြည်တော်၊ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟဲဟိုးမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ငွေတောင်စားသောက်ဆိုင်အနောက်ဘက်ရှိ နဂါးချောင်းတံတားအားပြုပြင်ရန် ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီခန့်တွင် မြေကြီးတူးဖော်စဉ် သံချေးတက်နေသော အမြောက်ကျည်ဆန် ကိုယ်ထည်ပိုင်း နှစ်တောင့်ကိုတွေ့ရှိခဲ့သည်။
အဆိုပါ အမြောက်ကျည်ဆန်အဟောင်းများအား ဟဲဟိုးတပ်နယ် နယ်မြေခံအင်ဂျင်နီယာတပ်မှ စစ်သည်များက သွားရောက်စစ်ဆေးပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြဝတီ