အင်္ဂလန်နိုင်ငံမှာ ဒရုန်းနဲ့ပစ္စည်းပို့ဆောင်ဖို့ အမေဇုန်စတင်စမ်းသပ်

  

အင်္ဂလန်အစိုးရနဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ပစ္စည်းပို့ဆောင်ရေးကို စမ်းသပ်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံးအွန်လိုင်းစတိုးဖြစ်တဲ့ အမေဇုန် (Amazon)က ကြေညာလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ လေကြောင်းပျံသန်းရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ဖြစ်တဲ့ UK Civil Aviation Authority (CAA) ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အမေဇုန်က ကျေးလက် ဒေသတွေနဲ့ ဆင်ခြေဖုံးဒေသတွေမှာ စမ်းသပ်ခွင့်ခွင့်ပြုချက် ရရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လက်ရှိအချိန်အထိ ခွင့်ပြုချက်မရသေးပါဘူး။

စမ်းသပ်ပျံသန်းတဲ့ ဒရုန်းတွေကို လူတစ်ယောက်ကပဲ စောင့်ကြည့်လုပ်ဆောင်စေပြီး သည်စမ်းသပ်မှုအကုန်လုံးကို အမြင့်ပေ ၄၀ဝ အောက်မှာသာလုပ်ဆောင်စေတာဖြစ် တယ်လို့ Tech Crunch သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ကြေညာချက်ထဲမှာ အမေဇုန်ရဲ့ကမ္ဘာလုံးဆိုင်ရာမူဝါဒချမှတ်ရေးနဲ့ ဆက်သွယ်ရေးဌာနမှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Paul Misener က ‘အင်္ဂလန်နိုင်ငံဟာဒရုန်းဖန်တီး မှုရဲ့ရှေ့ဆောင်နိုင်ငံဖြစ်လာပြီးPrime Air(ဒရုန်းဖြင့်ပစ္စည်းပို့ဆောင်တဲ့ဝန်ဆောင်မှု)ကို သည်နိုင်ငံမှာ စမ်းသပ်စစ်ဆေးမှုတွေလုပ်နေတာ အချိန်တော်တော်ရှိနေပြီလို့ ပြောဆို ထားပါတယ်။

အမေဇုန်က လက်ရှိစမ်းသပ်မှုမှာ ၅၅ ပေါင် (၂၅ ကီလိုဂရမ်)ထက်နည်းတဲ့အလေး ချိန်ရှိပစ္စည်းတွေကို ဘက်ထရီသုံး ဒရုန်းနဲ့ စမ်းသပ်တာဖြစ်ပြီး အကွာအဝေး ၁၀ မိုင်၊ လေထုအမြင့် ပေ ၄၀ဝ အောက်မှာ တစ်နာရီကို ၅၀ မိုင်နှုန်းနဲ့ရွေ့လျား စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာလည်း သက်ဆိုင်ရာတရားဝင်အဖွဲ့အစည်းတွေ၊ မူဝါဒချမှတ်သူတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး သည်ဝန်ဆောင်မှုကို တိုးချဲ့ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

ကိုသက်ဖြိုး
Powered by Blogger.