နိုင်ငံတော်သီချင်း ဖွင့်လှစ်၍ တနေ့နှစ်ကြိမ် ဂါရဝပြု ဂုဏ်ပြုနိုင်ရန်အတွက် မြဝတီမြို့တွင် စီစဉ်နေပါပြီ
***************************************
မြဝတီမြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားထိပ်တွင် လည်းကောင်း၊ ဘုရားကြီးကျောင်းတိုက်အနီးရှိ မီးပွိုင့်တွင် လည်းကောင်း၊ ဘုရင့်နောင်ဈေးအနီးရှိ မီးပွိုင့်တွင်လည်းကောင်း အသံချဲ့စက်များ တပ်ဆင်ထားရှိ၍
နိုင်ငံတော်သီချင်းကို နေ့စဉ် နံနက်၉း၀၀နာရီ တကြိမ်၊ ညနေ ၃း၃၀နာရီ တကြိမ် ဖွင့်လှစ်ပြီး ကြားသိသော တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့မှ ရောက်ရှိရာနေရာတွင် မတ်တပ်ရပ်၍ ဂါရဝပြု/ ဂုဏ်ပြုသွားကြမည် ဖြစ်ပါသည်။
မိမိတို့၏ နိုင်ငံ့ချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ ရှင်သန်ထက်မြက်စေရေးအတွက် ၄င်းအချိန်များတွင် နိုင်ငံတော်သီချင်းသံကို ကြားသိသော တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့မှ
အလေးအမြတ်ထား ဂုဏ်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ် ခင်ဗျာ..........
(ဘုရားကြီးကျောင်းတိုက်အနီးရှိ မီးပွိုင့်တွင် နိုင်ငံတော်သီချင်းသံကြား၍ အလေးပြုနေကြစဉ်)
သန့်ဇင်အောင်(၂၈/ ၇/ ၂၀၁၆)
Cd - Thant Zin Aung
Via - Lso Maung Maung