Myanmar Idol မှာ ချမ်းချမ်း ဒိုင် မလုပ်ဖြစ်တော့တာ ဘာကြောင့်လဲ


Myanmar Idol အစီအစဉ်မှာ ဒိုင် အဖြစ်ပါဝင်ခဲ့တဲ့ ချမ်းချမ်းက Myanmar Idol ဒုတိယ ပွဲအစီအစဉ်မှာ ဒိုင်မလုပ် ဖြစ်တော့ ဘူးလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

ဒိုင်အဖြစ် မပါဝင်တော့တာကလဲ သူမရဲ့ တစ်ကိုယ်တော်အခွေအတွက် အချိန်ယူပြီး ပြင်ဆင်မှာ ဖြစ်သလို ပွင့်လင်း ရာသီရောက်တော့မှာ ဖြစ်တဲ့အတွက် ရှိုးပွဲတွေလည်း ဆက်တိုက်လက်ခံဖြစ်ပြီး အရင်နှစ်တွေလို ပရိသတ်တွေအတွက် ပြန်ပြီး အချိန်ပေးတော့မယ်လို့ ဆိုပါတယ်။

မနှစ်က အတူတူ ဖြတ်သန်းခဲ့တဲ့ Myanmar Idol အဖွဲ့သားတွေအားလုံးကိုလည်း အမြဲတမ်းသတိရနေမှာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားပါတယ်။
Photo : ချမ်းချမ်းဖေ့စ်ဘွတ်
Powered by Blogger.