မန္တလေး ၁၆ မိုင် Tour Gate အကျော် ပြင်ဦးလွင်အတက် ကျောက်ချော သစ်တောစခန်းမှ အကျင့်ပျက်ဝန်ထမ်းများ
မန္တလေး ၁၆ မိုင် Tour Gate အကျော် ပြင်ဦးလွှင်အတက် ကျောက်ချော သစ်တောစခန်းမှ အကျင့်ပျက်ဝန်ထမ်းများပေါင်း၍ ကျွန်တော်ဝယ်လာသော ထိုင်ခုံများကို
ဆိုင်ကယ်နှင့် လိုက်ဖမ်းပြီး လိုင်စင်တောင်းပါသည်
ဝယ်လာသော ဘောင်ချာပြပါသော်လည်း လုပ်တဲ့သူ၏ လိုင်စင်နှင့် သစ်သယ်ခွင့်လိုင်စင်တောင်းပြီး
စခန်းကိုပြန်မောင်းခိုင်းပြီး လူနှင့်ကား ခုံအားလုံးကို ၃ နာရီ ကျော် ဖမ်းထားပြီး ငွေ ၁၀ သိန်း တောင်းပါသည်
သယ်လာသည့်တန်ဖိုး က ၅ သိန်းကျော်ဖိုးပဲရှိသဖြင့် သစ်အလုံး အချောင်းမဟုတ်ပဲ လုပ်ပြီးသာခုန်ဝယ်လာချင်းသာဖြစ်ကြောင်း
တောင်းသည့်ငွေ ပမာန မပါကြောင်းပြောသောအခါ
ဝန်ထမ်းတစ်ဦးမှဦးစီးမူးဆီ ဖုန်းဆက်မေးပြီး
ဖုန်းဆက်မေးသောသူမှ ဦးစီးပြောသည့်အတိုင်း
သယ်ခွင့်မပြုပဲ သယ်လာသည့်ဆိုင်ပြန်ပို့ရန်ပြောပါသည်
ပြန်ပို့မည်ဟုပြောသောအခါ ဦးမြတ်တိုးအောင် ဆိုသူမှ သူ့သဘောနှင့် ပြန်မလွှတ်ပဲ ပါလာသောခုံများကို ကားပေါ်မှချခိုင်းပါသည်
ခုံချနေ စဉ် ပါလာသော ငွေ ၄၀၀၀၀ ကျပ်သာယူထားပါရန် ပြော၍ လက်ထဲ ထဲ့ပေးသောအခါမှ
ခုံများကို ပြန်လည်သယ်ဆောင်ခွင့်ရခဲ့ပါတယ်
ထိုသို့အကျင့်ပျက် ခြစားသော ဦးမြတ်တိုးအောင်နှင့် အကျင့်ပျက်အပေါင်းအပါ ဝန်ထမ်းများအား အစိုးရသစ်လက်ထက်တွင်
မရှိသင့်သောကြောင့် သက်ဆိုင်ရာမှ သိရှိ၍ အရေးယူပေးနိုင်ရန် FB Friends များ Share ပေးခြင်းဖြင့် ကူညီကြပါခင်ဗျာ
Credit: Myo Myint Kyaw