ရွှေအိုရောင် ဆံပင်ပိုင်ရှင်မလေးကို အနမ်းခြွေနေတဲ့ ရော်နယ်ဒို



စပိန်နိုင်ငံ အီဘစ်ဇာအပန်းဖြေစခန်းက နိုက်ကလပ် တစ်ခုထဲမှာ ပေါ်တူဂီ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုတစ်ယောက် အမျိုးသမီးတစ်ဦးနဲ့ အနမ်းခြွေနေတဲ့ ဓာတ်ပုံတွေကို ဗြိတိန်မီဒီယာတစ်ခုက ဖော်ပြလိုက်ပါတယ်။

play မော်ဒယ်သရုပ်ဆောင် အီရီနာရှိတ်နဲ့ ပြတ်ဆဲပြီးနောက်ပိုင်း ရော်နယ်ဒိုနဲ့ အနီးကပ်ဆုံး တွေ့ရတဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ နိုက်ကလပ်ထဲက အထူးဧည့်သည်ထိုင်ခုံမှာ ရော်နယ်ဒိုနဲ့ အမျိုးသမီးတစ်သိုက်ကို တွေ့ခဲ့ရတာဖြစ်ပြီး သူနဲ့ အနမ်းခြွေခဲ့တဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးဟာ ဘယ်သူလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ play သူတို့စုံတွဲဟာ နိုက်ကလပ်ထဲမှာ ရယ်ရယ်မောမောနဲ့ စကားတွေပြောနေခဲ့ကြတာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုချန်ပီယံဖြစ်ပြီးနောက် အားလပ်ရက်ယူထားဆဲဖြစ်တဲ့ ရော်နယ်ဒိုက ခရီးတွေဆက်တိုက်ထွက်နေတာ ဖြစ်ပါတယ်။

Source : The Sun


Powered by Blogger.