မြန်မာအစိုးရသစ်လက်ထက် အဆိုးဝါးဆုံး လူသတ်မှု (သို့) ပတ္တမြားမြို့သစ် လေးလောင်းပြိုင်လူသတ်မှု
==================
===================
မင်္ဂလာဒုံမြို့နယ် ပတ္တ မြားမြို့သစ်တွင် ရဲအရာရှိဟောင်း တစ်ဦးနှင့်
၎င်း၏မိသားစုဝင်သုံး ဦး အသတ်ခံရသည့် လေးလောင်း ပြိုင်လူသတ်မှု သြဂုတ်၂၀ ရက် နံနက်က ဖြစ်ပွားခဲ့သည်။
ကမာရွတ်မြို့နယ် စိမ်းလဲ့ ကန်သာလမ်းသွယ်တွင် ၂၀၀၈ မတ်လ ၃ ရက်က
ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရှစ် နှစ်ကျော်အတွင်း ရန်ကုန်မြို့၌ မိသားစုအလိုက် လူဦးရေအများ ဆုံးအသတ်ခံရသည့် ဖြစ်စဉ်ဖြစ် သည်။
မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်၊ ရွှေနံ့သာကျေးရွာအုပ်စု ကျူးကျော်ကွက်သစ်ရပ်ကွက် မြအေးချမ်းသာ လမ်းသွယ်တွင် မိသားစုနေအိမ်၌ မိသားစုငါးဦးရှိပြီး အခင်းဖြစ်ချိန်တွင် အိမ်၌ရှိနေသော လေးဦးအသတ်ခံရခြင်းဖြစ်သည်။
သေဆုံးခဲ့သူ ရဲအရာရှိဟောင်း၏ ယောက္ခမဒေါ်ရီနွဲ့သည်
ရွှေပြည်သာမြို့နယ်ရှိသမီးနေအိမ်သို့ သွား ရောက်ကာညအိပ်လည်ပတ်ပြီး သြဂုတ် ၂၀ ရက် နံနက်၌ နေအိမ်သို့ ပြန်လာသောအခါတွင်မှ အလောင်းများကို စတင်တွေ့ရှိခဲ့ကြောင်း အသက်(၅၄)နှစ် အရွယ်ရှိ ဒေါ်ရီနွဲ့ကပြောသည်။။
မိသားစုဝင်အားလုံး ဓားဒဏ်ရာများဖြင့် သေဆုံး အသတ်ခံရသော မိသားစု၏အိမ် ထောင်ဦးစီးမှာ အသက်(၃၇)နှစ် အရွယ် ဒုရဲအုပ်အရာရှိဟောင်း ဦးစိုးနောင်ဖြစ်ပြီး အသက်(၃၄)နှစ် အရွယ်ဇနီးမချယ်ရီပွင့်၊ သားကြီးအသက်(၁၃)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား ဟန်သူရနှင့် သားငယ်အသက်(၈)နှစ်အရွယ် သုံးတန်းကျောင်းသား စွမ်းထက်မြတ်တို့ လေးဦးစလုံး
ဓားဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဦးစိုးနောင်မှာရင်အုံတွင်ထိုး သွင်းဒဏ်ရာလေးချက်၊ မချယ်ရီ ပွင့်မှာ မေးစေ့၊
နောက်ကျောနှင့် ချိုင်းအောက်၊ ဦးခေါင်းတို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာရှစ်ချက်၊ သားဟန်သူရမှာလည်ပင်း၊ ညှပ်ရိုး၊ ၀မ်းဗိုက်တို့တွင်ထိုးသွင်းဒဏ်ရာငါးချက်၊ အငယ်ဆုံးသား စွမ်းထက်မြတ်မှာလည်ပင်းနှင့် ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာသုံးချက်
ဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒေါ်ရီနွဲ့သည် တစ်အိမ်တည်း နေထိုင်သော်လည်း သြဂုတ် ၁၉ရက်ညက ရွှေပြည်သာရှိ သမီးဖြစ်သူနေအိမ်သို့ သွားနေခဲ့ခြင်းဖြစ်သည်။
‘‘မနေ့က နေ့လယ်မှ အိမ်ကနေ ရွှေပြည်သာက သမီးအိမ်မှာ သွားအိပ်ဖြစ်တယ်။ မနက်ပြန်လာတာ့ မထသေးဘူး ထင်နေတာ။ အိမ်ထဲကို
ပြတင်းပေါက်ကနေချောင်းကြည့်တော့မှ သေနေတာတွေ့တယ်။
အန်တီမအိပ်ရဲတော့ဘူး။ ဘာလို့ရက်ရက်စက်စက်လုပ်တာလဲမသိဘူး’’ဟု ၀မ်း နည်းစွာ ငိုကြွေးရင်း ဒေါ်ရီနွဲ့က ပြောသည်။ အဆိုပါနေအိမ်သည် တစ်ထပ်လုံးချင်းတိုက်ဖြစ်ပြီး ခြံစည်းရိုးမှာ သံဆန်ခါဖြင့် ကာရံ ထားကာ နေအိမ်တံခါးကို သွပ် ပြားဖြင့် ပြုလုပ်ထားသည်။
အသတ်ခံရသော ဦးစိုးနောင်မှာ ၂၀၁၄ က ဒုရဲအုပ်အဆင့်ဖြင်နုတ်ထွက်ခဲ့
ဦးစိုးနောင်သည် အမှတ်(၈)လုံခြုံ ရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်အဆင့် ဖြင့် ၂၀၁၄တွင် နုတ်ထွက်ခဲ့သူဖြစ်သည်။ ဦးစိုးနောင်သည် ရဲဝန် ထမ်းဘ၀မှ အလုပ်ထွက်ပြီးနောက် အုတ်သဲကျောက်ရောင်း ၀ယ်ရေးဆိုင် ဖွင့်လှစ်ထားကာ ရပ်ကွက်အတွင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကိုလည်း လုပ် ကိုင်သူတစ်ဦးဖြစ်ကြောင်း ဆွေ မျိုးသားချင်းများနှင့် တစ်ရပ်ကွက် တည်းနေသူများကပြောသည်။
‘‘မနက် ၆နာရီကျော်မှာအန် တီအိမ်ပြန်ရောက်တယ်။ အိမ်တံ ခါးတွေပိတ်ထားလို့ မနိုးသေးဘူး ထင်တာနဲ့ လမ်းထိပ်မှာကွမ်းဝယ် တယ်။ ပြီးတော့အိမ်နားက ကလေးမလေးခေါ်ပြီး အိမ်ကတီဗီ အင်တင်နာအပေါက်ကနေ ၀င် ခိုင်းတယ်။
ကလေးကအထဲမှာ သွေးတွေနဲ့ မ၀င်ရဲဘူးပြောတယ်။ အန်တီက ခြံထဲဝင်ပြီးတော့ ပြတင်းပေါက်နေ ချောင်းကြည့်တော့မှ သေနေတဲ့အလောင်းတွေတွေ့တာပါ’’ ဟု
သေဆုံးသူနှင့်အဒေါ်တော်စပ်သူ ဒေါ်စန်းစန်းမြင့်က ဒေါ်နွဲ့ရီကြုံတွေ့ခဲ့ရပုံကို
ပြောပြသည်။
သေဆုံးသူ မိသားစုမှာ လူ သတ်မှုဖြစ်ပွားသည့် နေအိမ်သို့ ပြောင်းရွှေ့လာသည်မှာ ရှစ်လခန့်ရှိပြီး အနီးဝန်းကျင်မှ လူများနှင့်ခိုက်ရန်ဖြစ်ပွားဖူးခြင်းမရှိဘဲ ရပ်ကွက်တွင်
အေးအေးဆေးဆေးနေတတ်သူများဖြစ်ကြောင်း အဆိုပါရပ်ကွက်
နေထိုင်သူအချို့ကပြောသည်။
‘‘သူတို့ မိသားစုက အနေ အေးတယ်။ အပြင်လည်း သိပ်မ ထွက်ဘူး။
ကလေးတွေကျောင်း သွား၊ ကျောင်းပြန်နဲ့ဈေးဝယ်တဲ့ အချိန်လောက် အိမ်ပြင် ထွက်တာ။ ရန်ဖြစ်တာလည်းတစ်ခါမှ မကြားမိဘူး။ ဒီရပ်ကွက်က ကွန် ကရစ်လမ်း တချို့တောင် ကိုစိုး နောင်ဦးဆောင်ပြီး ခင်းပေးထား တာပါ’’ဟု အိမ်နီးနားချင်းအမျိုး သမီးတစ်ဦးကပြောသည်။
သေဆုံးချိန်တွင် ဦးစိုးနောင် သည် အ၀တ်ဗလာဖြင့်သေဆုံးနေပြီး သားအကြီးမှာ ဖခင်အနီးခြေထောက်ချင်းထိကာသေဆုံးခဲ့ကာ ဇနီးဖြစ်သူမှာ
နေအိမ်နောက်ဖေးခန်းရေခဲသေတ္တာအနီး သေဆုံးခဲ့ပြီး သားငယ်ဖြစ်သူမှာ
နေအိမ်အိပ်ခန်းအတွင်း ဓားဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။
‘‘သေသွားတဲ့ဒကာကြီးနဲ့ ဦး ပဉ္ဇင်းနဲ့က ညီအစ်ကိုတော်တယ်။ မနေ့ကတောင်
အိမ်မှာဆွမ်းကပ် ပြီး စကားပြောသေးတယ်။ မျက် နှာ မကောင်းပါလား
မေးတော့စီးပွားရေး အဆင်မပြေဘူး ပြော တယ်။ ကလေးတွေကျောင်းစရိတ်
ကလည်းရှိသေးတယ် ဘုရားလို့ ပြန်ပြောတယ်’’ဟု လူသတ်မှုဖြစ် ပွားသည့်နေအိမ်သို့ ကြွရောက် ခဲ့သည့်ဦးပဉ္ဇင်းက မိန့်သည်။
‘‘ညက တီဗီမှာ အငြိမ့်ပြလို့ ကြည့်နေကြတာ။ ည ၁နာရီ ကျော်တယ် ကြည့်နေတာ။ ဘာ သံမှတော့ မကြားမိဘူး။ ဒါပေမဲ့ မနက် ၄နာရီလောက်က အော်သံကြားတယ်လို့ ကန်ကြီးဘေးမှာနေတဲ့သူကပြောတယ်။ အဲဒီကန်နားမှာနေတဲ့ လင်မယားကလည်း မကြာခဏ ရန်ဖြစ်တတ်တော့ သူတို့အသံပဲ ထင်တယ်ဆိုပြီး ထမကြည့်ဖြစ်ကြပါဘူး’’
ဟု ရပ်ကွက် တွင်နေထိုင်သူအမျိုးသားတစ်ဦး ကပြောသည်။
သေဆုံးသူမိသားစုနေထိုင် သည့် နေအိမ်နေရာသည် ယခင်က
ပုလဲဆေးရုံတည်ဆောက်ရန်ရွေးချယ်ထားသော မြေနေရာဖြစ်ပြီး
ကျူးကျော်ကွက်သစ်ရပ်ကွက်ဖြစ်ခြင်းကြောင့် နေအိမ်များတွင် အိမ်အမှတ် မရှိပေ။
ရပ်ကွက် တည်ထောင်လာသည့် ခြောက်နှစ်ကျော်အတွင်း ရန်ဖြစ်မှုသာဖြစ်ပွားခဲ့ဖူးသည်။ ယခုလူသတ်မှုကြောင့် ရပ်ကွက်အတွင်းနေထိုင်သူများ စိုးရိမ်မှုများရှိနေကြောင်း
၎င်းတို့က ပြောကြားသည်။
ဦးစိုးနောင်သည် အရပ်အမောင်း ကောင်းပြီး သိုင်းပညာတတ်
‘‘သူတို့နေတဲ့အိမ်က ကားဝင်လို့ မရဘူး။ လမ်းလျှောက်ဝင်ရင် တော့
လမ်းနှစ်ဖက်လူသွားလမ်း က ၀င်ရင်ရတယ်။ ရဲတချို့ပြော တာကတော့ သူက မိသားစုကို သတ်ပြီး သူ့ကိုယ်သူသတ်သေ တယ်လို့ ပြောသံကြားတယ်။ ဒီလိုပြောတာကို မိသားစုကလည်း မကျေနပ်ဘူး။ ကိုစိုးနောင်က အရပ်အမောင်းက လူသုံးယောက် လောက်တော့ အသာလေးချနိုင် တယ်။ သိုင်းလည်းတတ်တယ်’’ ဟု
အမျိုးသားတစ်ဦးက ပြော ကြားသည်။
လူသတ်မှုနှင့် ပတ်သက်၍ ထောက်ကြန့် ရဲစခန်းသို့ ည ၈နာရီကျော်တွင်
မေးမြန်းခဲ့သော်လည်း ထူးခြားမှု မရှိသေးကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။
အိမ်တွင်းပစ္စည်းများ ပျောက်ရှမှု မရှိ၊ ခရိုင်အဆင့်က အမှုကို စစ် ဆေးနေ
‘‘ရဲထဲက ထွက်တာကတော့ သူ့ ဘာသာသူ နုတ်ထွက်သွားတာပါ။ အမှုကိုလည်း စစ်ဆေးနေပါ တယ်။ အိမ်ထဲမှာတော့ တန်ဖိုးရှိ တဲ့ပစ္စည်းတွေပျောက်ဆုံးနေတာတော့ မရှိဘူးဆိုတာသိရတယ်။ အမှုကိုလည်း ခရိုင်အဆင့်အကြီးအ ကဲတွေ
ကိုယ်တိုင်တိုက်ရိုက်ညွှန် ကြား စစ်ဆေးနေပါတယ်’’ ဟု ထောက်ကြန့်မြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးကပြောသည်။
အဆိုပါ လေးလောင်းပြိုင် လူသတ်မှုကို ခရိုင်အဆင့်စစ်ဆေး နေပြီး
ထောက်ကြန့်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းမှ ရဲအုပ်ဌေးဝင်းက ပြောသည်။
မင်္ဂလာဒုံမြို့နယ် ဘောဂရပ် ကွက်တွင် ၂၀၁၃ နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည့် ရာအိမ်မှူး၏ ချွေးမနှင့် မြေးဖြစ်သူအသတ်ခံရမှု၌ တရားခံကို
ယနေ့တိုင်မဖမ်းဆီးနိုင်သေးပေ။
ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် ခုနစ်လအတွင်း လူသတ် မှု ၁၂၀ဖြစ်ပွားခဲ့သည်။
============
7Day News Journal
http://7daydaily.com/story/73357