ရန်ကုန်လေဆိပ်အတွင်းစည်းသို့တရားမဝင် ထိုးဖေါက်ဝင်ရောက်းလာမှုတစ်ခုဖြစ်ပွား
=====================================
ရန်ကုန်လေဆိပ် Taxiway နား အထိ ရောက်အောင် မောင်းဝင်ခဲ့တဲ့ Ford Ranger ကားကြောင့် ရန်ကုန်လေဆိပ် Security ဘယ်လောက်ရှိတယ် မရှိဘူး ဆိုတာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာပါပြီ။
အခုကိစ္စမှာ Vehicle Access Check Point ဖြစ်တဲ့ (ညောင်ပင်ဂိတ်) ကနေ ဝင်သွားတယ်လို့ သိရပါတယ်။
အဆိုပါ ကားမောင်းဝင်ရောက်သွားသူကိုလည်း သက်ဆိုင်ရာမှ ထိန်းသိမ်းထားပြီး စစ်ဆေးနေပါပြီ။
အဆိုပါကိစ္စ ဖြစ်ပြီး မကြာခင် ပဲ လေဆိပ်က မိတ်ဆွေတယောက် chat box က ပြောလာလို့ ကျွန်တော် သိပြီး ဖြစ်ပါတယ်။
သို့သော်လည်း Aviation Security ဆိုတာ ကျွန်တော့ Main Subject မဟုတ်တာရယ် တခုခုရေးချင်သော်လည်း အားလုံးက လူရင်း မျက်နှာသိများဖြစ်နေလို့ ရေးသင့် မရေးသင့် ချီတုံချတုံ ဖြစ်နေမိတယ်။
ဒါပေမယ့် လည်း မတ်လ တုန်း က ICAO က Aviation Security Experts တွေ မြန်မာပြည်လာပြီး Needs Assessment လုပ်တုန်းက အထက်လူကြီး တဦး ကျွန်တော်ကိုခေါ်လို့ အနည်းငယ်လေ့လာခွင့်ရခဲ့ပါတယ်။
လေဆိပ်တခုလုံးကိုလည်း cargo warehouse ပါမကျန် site visit သွားခဲ့ကြတယ်
အခု ကိစ္စမှာ ကျွန်တော့ အမြင်ကို ပြောရမယ်ဆိုရင်
တော်တော် အန္တရာယ် ကြီးပါတယ်။
တူရကီလေဆိပ် ဘယ်လဂျီယမ်လေဆိပ်တွေမှာလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ထားတော့ လူတွေရဲ့ စိုးရိမ်မှုရေချိန်ဟာ မြင့်တက်နေချိန်ဖြစ်ပါတယ်။
ကျွန်တော်သိသလောက်ပြောရရင် regulator ဖြစ်တဲ့ DCA ရဲ့ inspection report မှာ အဲ့ဂိတ်ဟာ လုံခြုံ ရေး မကောင်းလို့ finding ထိထားပြီးသားပါ။
သို့သော် သက်ဆိုင်ရာ တာဝန်ရှိသူများ လုံလောက်တဲ့ Corrective Action Plan များ Response ပြန်လုပ်ခြင်း မရှိဘူးလို့ သိရပါတယ်
DCA အနေနဲ့ Regulation ပိုင်း Audit/Inspection ပိုင်း Safety and security oversight ပိုင်း ကိုသာ ဆောင်ရွက်တာဖြစ်ပါတယ်
တကယ့်မြေပြင်မှာ လုံခြုံ ရေး ယူတာ တခြား အဖွဲ့ အစည်းများဖြစ်ပါတယ်။
ICAO ရဲ့ Safety and security standards တွေကို highly compliance ဖြစ်နေဖို့လိုပါတယ်
ဘယ်သူ့မှာ တာဝန်ရှိလည်းဆိုရင် Aviation Police, Airport Operator YACL နဲ့ DCA အားလုံးမှာ တာဝန်ရှိပါတယ်။
မင်းကြောင့် ငါ့ကြောင့် လက်ညိုး ထိုး လို့ မရ ပါဘူး
အားလုံးပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်
ညောင်ပင်ဂိတ်ကို မရောက်ခင် တပ်မတော် လေ ဂိတ်ကိုလည်း ဖြတ်ရတာဖြစ်လို့ သူတို့ကို ဆွဲမထည့်ချင်သော်လည်း ၄င်းနေရာကို ဖြတ်ပြီးမှ ညောင်ပင်ဂိတ် ကို ရောက်တာပါ။
ရန်ကုန်လေဆိပ်ကြီး ဘေးကင်းလုံခြုံ ရေး အားလုံး ပူးပေါင်းဆောင်ရွက်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ နိုးဆော်ပါတယ်။
New Credit Aung Soe Moe
်