ရေဘေးသင့်ဒေသသို့ လှူရန်သွားသော မော်တော်ယာဉ်တိမ်းမှောက်
.............................................
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြောက်ဘက် လေးဖာလုံခန့်၌ ယနေ့(သြဂုတ် ၂၁ ရက်) နံနက်ပိုင်းက ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းမည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ငါးဦးဒဏ်ရာရရှိခဲ့ရာ ဥက္ကံဆေးရုံသို့ တင်ပို့ကုသလျက်ရှိကြောင်း၊ အသေအပျောက်မရှိကြောင်း သာကေတမြို့နယ်မှ ပရဟိတအဖွဲ့တစ်ဖွဲဖြစ်ကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။
ဓာတ်ပုံ - မင်းမင်းအောင်
The Voice
်